*130* ချီလန်ဆီအလည်သွားခြင်း

8.7K 1.5K 15
                                    

ရန်ချိုးရွှမ် လူတွေသတ်ပါတယ်လို့ ချောက်ချခံလိုက်ရကတည်းက ဟိုင်ရှန်းမြို့ခေါင်းဆောင်နဲ့ အနီးအနားမြို့များမှခေါင်းဆောင်တွေက ရုန်အိမ်တော်အနီးတစ်ဝိုက်ကို လူတွေလွှတ်ကာ ရန်ချိုးရွှမ်ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေကြလေသည်။

ငါးရက်မြောက်ညမှာ နောက်ထပ်ကျင့်ကြံသူတွေ ထပ်အသတ်ခံလိုက်ရတာကြောင့် နောက်ဆုံးမှာတော့ ရန်ချိုးရွှမ်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့သည်။

ဒါပေမဲ့ ဟိုင်ရှန်းမြို့နဲ့ အနီးအနားကမြို့တွေမှာတော့ ကျီးလန့်စာစားဖြစ်ကုန်ကြပြီး နောက်တစ်ယောက်က သူတို့ဖြစ်လာမှာကို ကြောက်ရွံ့နေကြ၏။ ကျင့်ကြံသူအများစုမှာ ဟိုင်ရှန်းမြို့မှာ မနေရဲကြတော့ဘဲ ဓားပျံတွေစီးကာ မြို့ကနေထွက်ခွာသွားကြတော့သည်။

နေ့တစ်ဝက်တည်းနဲ့ ဟိုင်ရှန်းမြို့ရဲ့လမ်းတွေမှာ လူသူကင်းမဲ့ကုန်ကြလေ၏။

ဝယ်ယူသူတွေလည်းမရှိကြတော့တာကြောင့် ချီယွဲ့ရှီတို့မှာလည်း ဆိုင်ပိတ်ကာ အိမ်ပြန်ရုံသာရှိတော့လေသည်။ သူတို့က ရုန်ယိဆီကိုသွားပြီး ဒီရက်ပိုင်း သူတို့ရဲ့စီးပွားရေးအခြေအနေတွေက ဘယ်လိုဆိုပြီး သူတို့ရဲ့ ပူပန်သောကတွေကို ပြောပြကြ၏။ ကံကောင်းစွာနဲ့ ဆိုင်ခန်းကရုန်ယိပိုင်တာကြောင့် ဆိုင်ခန်းငှားရမ်းခကို ပေးစရာမလိုခြင်းပင်..။ မဟုတ်ရင်တော့ သူတို့မှာ ငမွဲတွေဖြစ်သွားကြတော့မည်ပင်။

သူတို့ကို ပြန်လိုက်ပို့ပေးလိုက်ပြီးနောက် ရုန်ယိက ယင်ကျင်းရဲ့ဆီကို လာခဲ့လိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျားလူတွေ ကျွန်တော့်ကိုယ်ကိုရှာတွေ့ပြီလား... တစ်ယောက်ယောက်ကများ ကျွန်တော့်ကိုယ်ကို အသုံးပြုနေတာများလား"

"အမှန်တော့ မင်းကိုယ်ကို သူတို့ရှာတွေ့ပြီ.. သူက ကျင့်ကြံသူတွေအသတ်ခံရတဲ့ နေရာနဲ့အနီးတစ်ဝိုက်မှာ ပေါ်လာတတ်တယ်.. ဒါပေမဲ့ သူ့ကို ဖမ်းလို့လည်းမမိသလို သူလူသတ်တာကိုလည်း မတွေ့ခဲ့ရဘူး.. ဒါကြောင့် ကိုယ် ကိုယ်တိုင်မင်းခန္ဓာကိုယ်ကို သွားပြန်ယူမလို့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now