*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ

8.3K 1.5K 46
                                    

အနက်ရောင်ဝတ်စုံနဲ့လူက သူ့ဓားကို သူတို့ဆီလွှဲရမ်းလာတာကိုကြည့်ရင်း ရုန်ယိ အလျှင်အမြန်အော်ပြောလိုက်သည်။
"ကျန်းမုရေ!.. ဖေဖေ့ကို ကူပြီး ဒီလူဆိုးကြီးကို ရိုက်ပေးပါဦး"

ကျန်းမုက ရှေ့ကိုပျံလာပြီး မြူခိုးမြှားမိုးဆိုတဲ့  မှော်တိုက်ကွက်ကိုသုံးကာ ထိုလူကို တိုက်ခိုက်လိုက်၏။ မြူခိုးလုံးကြီးတစ်လုံးက ချက်ချင်းဘဲ များပြားတဲ့ မြှားတွေအဖြစ်ပြောင်းသွားပြီး ထိုသူ့ဆိကိုပြေးဝင်သွားကြသည်။

မြှားတွေက နံရံတွေ ဒါမှမဟုတ် သစ်ရွက်တွေ ၊ ပွင့်ဖက်တွေ ဒါမှမဟုတ် ပိုးကောင်တွေ ဘယ်နေရာကိုဘဲထိထိ ဝိညာဥ်စွမ်းအားလှိုင်းတွေထွက်ပေါ်လာကာ ကြောက်စရာပေါက်ကွဲဖျက်ဆီးမှုကြီးတွေ ဖြစ်ပြီးကျန်ခဲ့၏။ ပြီးနောက် ချက်ချင်းဘဲ ခြံဝန်းထဲက သစ်ပင်တွေမှာ ပြင်းပြင်းထန်ထန်ယိမ်းခါလာကြပြီး ခေါင်မိုးပေါ်က အုတ်ကြွပ်ချပ်တွေလည်း လွင့်ထွက်ကုန်ကြတော့သည်။

ချီလန်ရဲ့လူတွေမှာလည်း အလျှင်အမြန် နေရာတစ်ခုရှာပြီး ပုန်းနေကြရ၏။

ရုန်ယိလည်း ပြီးခဲ့တဲ့အကြိမ်က ရှင်းမော့ခန်းမမှာတုန်းကလိုမျိုး လွင့်ထွက်မသွားအောင်လို့ တံခါးနောက်ကွယ်မှာ ပုန်းကွယ်နေလိုက်သည်။

ချီလန်က သူ့ကိုယ်သူကာကွယ်နိုင်ဖို့ အကာအကွယ်စည်းတစ်ခု အမြန်လုပ်လိုက်ပြီး မျက်လုံးတွေမှေးစေးရင်း ပြောလာသည်။
"ဒီကလေးက မဟာယာနအဆင့်အထက်ကဘဲ ဖြစ်လိမ့်မယ်.. ကံကြမ္မာစမ်းသပ်မှုဖြတ်ကျော်ခြင်းအဆင့်နဲ့ အထက်တောင်မှ ဖြစ်နိုင်သေးတယ်.. ဒါမှမဟုတ် မသေမျိုးနတ်ဘုရားတစပါးဖြစ်နေပြီးသားဖြစ်ရမယ်"

ရုန်ယိကတော့ သူပြောတာကို မကြားချင်ယောင်သာဆောင်ပြီး ပြန်မဖြေပေ။

ကျန်းမုနဲ့ အကွက်နည်းနည်းလောက် ယှဥ်တိုက်ခိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနဲ့လူက သူက ကျန်းမုရဲ့ပြိုင်ဘက်မဟုတ်တာ သိရှိသွားတာကြောင့် အမြန်ဘဲ အဝေးကိုပျံထွက်သွားတော့သည်။

ကျန်းမုက သူ့ကိုလိုက်ဖမ်းဖို့လုပ်နေတာတွေ့လိုက်တာကြောင့် ရုန်ယိ အမြန်အော်ပြောလိုက်သည်။
"ကျန်းမု!.. သူ့ကိုလွှတ်ပေးလိုက်တော့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now