*132* သူဒါကိုမှတ်ထားတယ်

8.6K 1.5K 33
                                    

လျှို့ဝှက်ဘုံပဟေဠိအစီအရင်ထဲမှာတော့ ချီလန်တစ်ယောက်မှာ ခါးသီးစွာနဲ့ ပြောလိုက်၏။
"ခဝဲသီး"

ဖြန်း!
ချီလန်ရဲ့ ညာဖက်မျက်နှာမှာ ထပ်အရိုက်ခံလိုက်ရသည်။

ဒေါသတွေထွက်ကာ သူ့မျက်နှာသူအုပ်ကိုင်လိုက်မိပြီး သူ့ရဲ့ဝိညာဥ်စွမ်းအားကိုသုံးကာ ပတ်ပတ်လည်ကို တိုက်ခိုက်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ မထိပေ။ ဆိုရလျှင် တစ်ဖက်လူက သူ့ထက်ကျင့်ကြံဆင့်မြင့်နေတာဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင်တော့ ဒီနေရာမှာ သူကလွဲပြီး တစ်ခြားသူတစ်ယောက်မှ မရှိတာဘဲဖြစ်ရပေမည်။

"ရုန်ယိ!...ရုန်ယိ!....ရုန်ယိ!!.."
အခုအချိန် ချီလန်မှာ မျက်လုံးတွေရဲတောက်နေပြီး ရုန်ယိကို အရေခွံဆုတ်ကာ သွေးဖောက်သောက်ပစ်ချင်နေသည်။

ရုတ်တရက် ဖြန်း..ဖြန်း... ချီလန်ရဲ့ ညာဖက်မျက်နှာမှာ နောက်ထပ်နှစ်ချက်အရိုက်ခံလိုက်ရပြီး ဒူးကို နောက်ကနေ တစ်ချက်အကန်ခံလိုက်ရ၏။ ချက်ချင်းဘဲ ချီလန်မှာ ဒူးထောက်လျက်သားကျသွားရသည်။

ထို့နောက် လေထဲမှာ စာလုံးနှစ်လုံးပေါ်လာ၏။
'အဖြေမှားသည်'

ချီလန်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သုံးလအတွင်းမှာ ရုန်ယိတစ်ယောက်တည်းဆီမှာဘဲ သူသုံးကြိမ်တိုင်တိုင် အရှက်တကွဲဖြစ်ခဲ့ရ၏။
သူဒါကိုလုံးဝ မှတ်ထားသည်။

သူ အံကြိတ်ကာ ပြောလိုက်၏။
"သခွားစိမ်း"

ရုတ်တရက် ဗိုက်ကိုအထိုးခံလိုက်ရပြီး သူ့မှာ လုံးဝကို ကာကွယ်နိုင်စွမ်းမရှိလိုက်ပေ။ ထိုးချက်တွေ ကန်ချက်တွေက ဘယ်နေရာကနေ လာသလဲဆိုတာတောင်မှ သူမတွေ့ရသလို အာရုံခံစားကြည့်လို့လည်းမရ.. ပြီးတော့ သူ့ရဲ့အကာအကွယ်စည်းကလည်း ဒီနေရာမှာ လုံးဝကို အလုပ်မဖြစ်ပေ။

အဆိုးဆုံးကတော့ ထိုးချက်တိုင်း ကန်ချက်တိုင်းက သူ့ကို သတ်နေသလိုဘဲ ဖြစ်၏။ သူက မဟာယာနအဆင့်ကိုရောက်နေပြီး သူ့ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ခံနိုင်ရည်ရှိပေမဲ့လည်း ဒါကလည်း ဒီနေရာမှာ ဘယ်လိုမှအသုံးမဝင်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now