*133* အချစ်ဆိုတာဘာလဲ

8.2K 1.5K 94
                                    

ဟယ်ရှန်းမြို့က မြစ်ချောင်းတွေနဲ့ဝန်းရံထားတဲ့မြို့တစ်မြို့ဖြစ်လေသည်။ အဓိကကုန်းမြေကြီးက မြစ်လယ်မှာရှိပြီး ကျယ်ဝန်းလှ၏။ ဒါပေမဲ့ လမ်းတွေကတော့ ဟိုင်ရှန်းမြို့ရဲ့လမ်းမတွေလိုဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး လူ နှစ်ယောက်စ သုံးယောက်စသာ လမ်းလျှောက်နေကြလေသည်။

ယင်ကျင်းရဲ့က ရုန်ယိကို ယင်လိုင်လို့ခေါ်တဲ့ တည်းခိုဆောင်တစ်ခုကို ခေါ်ဆောင်သွားသည်။

ရှို့ကျို့က ပြတင်းပေါက်မှာရပ်နေပြီး တစ်ဖက်က အဆောက်အဦးကို စောင့်ကြည့်နေ၏။

ရုန်ယိလည်း ပြတင်းပေါက်နားကိုသွားကာ မေးလိုက်သည်။
"သူက ဟိုဘက်ခြမ်းမှာလား"

ရှို့ကျို့က နောက်လှည့်ကာ ရုန်ယိကို တစ်ချက်ကြည့်လာပြီးနောက် တစ်ဖက်ကိုဘဲ ပြန်ကြည့်နေတော့သည်။

ယင်ကျင်းရဲ့က သူ့ဆီလျှောက်လာပြီး ပြောလာ၏။
"အဲ့တာ ကျင့်ကြံသူတွေကို သတ်တဲ့တစ်ယောက်ဘဲ"

"ဒါဆို ကျွန်တော့်..."
ဒီမှာ အပြင်လူတစ်ယောက်ရှိနေတာကြောင့် ရုန်ယိ သူပြောမဲ့စကားတွေကို ပြန်မြိုချလိုက်ရသည်။

သူ သူ့ခန္ဓာကိုယ်အကြောင်းမေးချင်နေတာ ယင်ကျင်းရဲ့ သိတာကြောင့်
"သူကပျောက်သွားပြီ.. လူတွေသတ်ပြီး ဝိညာဥ်စွမ်းအားတွေလိုက်စုပ်နေတဲ့လူကိုသာ စောင့်ကြည့်နေရင် သူ့ကိုလည်း သေချာပေါက်ရှာတွေ့လိမ့်မယ်"

"တစ်ခြားလူတွေရဲ့ ဝိညာဥ်စွမ်းအားတွေကိုလိုက်စုပ်ယူနေတဲ့လူအကြောင်းရော ခင်ဗျားသိထားလား"

"မသိဘူး... သူ့နောက်ကြောင်းကို ကိုယ်တို့ မစုံစမ်းထားဘူး.. သူက ငါးရက်ကိုတစ်ခါ လူတွေရဲ့ဝိညာဥ်စွမ်းအားကိုစုပ်ယူတယ်ဆိုတာဘဲ သိထားတယ်"
သူတို့က ရုန်ယိရဲ့ ခန္ဓာကိုယ်ကိုဘဲလိုချင်တာဖြစ်တာကြောင့် ထိုလူက သူတို့အတွက်တော့ အရေးမပါပေ။

"ဒါဆို အဲ့လူက ဟယ်ရှန်းမြို့ထဲမှာနောက်တစ်ခါ လူတွေရဲ့ဝိညာဥ်စွမ်းအားတွေကို စုပ်ယူဦးမှာလား"

ရှို့ကျို့ဆီက အသံထွက်လာ၏။
"သိပ်မသေချာဘူး..ဒါက ခန့်မှန်းချက်သက်သက်ဘဲ.. သူက သူကြိုက်တဲ့နေရာမှာ စုပ်ယူတာ.. အခု လူတွေအကုန်လုံးနီးပါးက အိမ်ထဲမှာဘဲ ပုန်းနေကြပြီးတော့ ကျင့်ကြံသူတွေကလည်း သူ့ကို လိုက်ဖမ်းဆီးနေကြတာဆိုတော့ သူအချိန်မရွေးလည်း ထွက်သွားနိုင်တယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now