*133* အချစ်ဆိုတာဘာလဲ

7.9K 1.4K 71
                                    

ယင်ကျင်းရဲ့ အမြန်လိုက်သြားတဲ့အခါ ရုန်ယိက လမ်းကိုမမြင်ရတဲ့ မျက်မမြင်တစ်ယောက်လိုမျိုး ဟိုတိုက် ဒီတိုက်နဲ့ လမ်းထဲမှာ လျှောက်သွားနေတာကို တွေ့လိုက်ရ၏။ ဒါပေမဲ့ ထူးဆန်းတာက သူ ဘာနာကျင်မှုကိုမှ မခံစားရသလိုပင်။

"သခင် သူဘာဖြစ်နေတာလဲ"
ရုန်ယိနောက်လိုက်နေတဲ့ ရှို့ကျို့က ယင်ကျင်းရဲ့ဘေးနားကို ရောက်လာပြီး မေးလာသည်။
"သခင် သူ့ကို စိတ်ညှို့တာတွေ ဘာတွေလုပ်လိုက်တာလား"

"မဟုတ်ဘူး"
ယင်ကျင်းရဲ့ကတော့ ရုန်ယိ အပေါ့သွားနေတဲ့အချိန်မှာ တစ်ယောက်ယောက်က သူ့ကို မန္တန်တစ်မျိုးသုံးလိုက်တာလို့ဘဲ ထင်သည်။ ဒါပေမဲ့ တည်းခိုဆောင်ထဲမှာက သူ့လူတွေဘဲရှိနေတဲ့အပြင် သူလည်းအခန်းထဲမှာရှိနေ၏။ တစ်ယောက်ယောက်က သူတို့သတိမပြုမိဘဲနဲ့ ရုန်ယိကို တစ်ခုခုလုပ်ဖို့ဆိုတာက မဖြစ်နိုင်ပေ။

တစ္ခုခုကတော့ မှားနေပြီ....

တစ်ကယ်တော့ ရုန်ယိ နိုးလာတဲ့အချိန်ကတည်းက မူမမှန်နေတာဖြစ်သည်။ အပြင်ထွက်တုန်းက တံခါးကိုဝင်တိုက်သွားပေမဲ့ နာလို့မအော်ခဲ့..ရုန်ယိကိုယ်က အပိုင်စီးခံလိုက်ရတာများလား..။

ယင်ကျင်းရဲ့နဲ့ ရှို့ကျို့တို့ ရုန်ယိနောက်ကနေသာ ဆက်ပြီးလိုက်လာခဲ့ကြသည်။ရုန်ယိက လျှောက်သွားနေတဲ့ တစ္ဆေတစ်ကောင်လိုမျိုး လမ်းမှာရှိသမျှအရာတွေကို ဝင်တိုက်ကာ လျှောက်သွားနေပြီး တစ်ခါတစ်ခါလည်း ရူးနေတဲ့လူလိုမျိုး အော်ဟစ်နေသေးသည်။ ထိုနားကသူတွေမှာလည်း နိုးကုန်ကြပြီး ဘာဖြစ်နေလဲဆိုတာသိရအောင် တံခါးဟကာချောင်းကြည့်ကြ၏။ တစ်ခါတစ်လေလည်း တစ်ခြားသူတွေရဲ့တံခါးကို သွားခေါက်ပြီး တစ်ခုခုဝယ်မလို့ဆိုပြီး အော်ပြောနေသေးလေသည်။

ဒါပေမဲ့ သူ့ကို ဘယ်သူမှ တံခါးမဖွင့်ပေးရဲကြပေ။

ရုန်ယိကတော့ ဂရုမစိုက်... သူက မြစ်ကမ်းဘေးတစ်လျှောက် ပြေးသွားပြီး မြစ်ပြင်ကျယ်ကြီးဘက်ကို လှည့်ကာ အော်ပြောလိုက်သည်။
"ဆရာတူအစ်ကိုကြီး!...ဆရာတူအစ်ကိုကြီးရေ... ဘယ်ရောက်နေတာလဲ!"

သူ့နောက်ကလိုက်လာတဲ့ယင်ကျင်းရဲ့ "....."

ရှို့ကျို့က နှာခေါင်းရှုံ့လိုက်ပြီး
"သူက သခင့်ကို သဘောကျတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား..အခု ဘယ်သူမှမရှိတဲ့နေရာမှာကျတော့ သူ့ဆရာတူအစ်ကိုကြီးကို အော်ခေါ်နေတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now