*134* ကိုယ်ချင်းစာကြည့်

7.8K 1.4K 30
                                    

အနီရောင်ဝတ်စုံနဲ့လူရဲ့နောက်ကျောကို ကြည့်ရင်း ရုန်ယိမျက်ဝန်းတွေ မှေးကျဥ်းလိုက်မိသည်။
"သူ့နောက်ကျောကိုကြည့်ရတာ.. အရမ်းရင်းနှီးနေသလိုဘဲ.. ကျွန်တော် သူ့ကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးတယ်ထင်တယ်"

"သူ့ကို ဖမ်းမိရင် သိရမှာပါ"

"သူ့ကျင့်ကြံဆင့်က မြင့်လား"

"ထင်တာဘဲ"

"ထင်တာဘဲ!..ခင်ဗျားတောင်မှ သူဘယ်အဆင့်မှာလဲဆိုတာ မပြောနိုင်ဘူးလား"

ယင်ကျင်းရဲ့က မျက်မှောင်ခက်ဖွဖွကြုံ့လိုက်ပြီး
" သူ မှော်လက်နက်တစ်မျိုးနဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာ.. ကိုယ်တွေ့နေရတာက သူ့ကျင့်ကြံဆင့်က ခုနကမြင့်နေပေမဲ့ နောက်ခဏကျတော့ နိမ့်သွားပြန်ရော..တစ်ခါတစ်လေ ရွှေအမြုတေအဆင့်မှာ..ဒါပေမဲ့ တစ်ခါတစ်လေကျတော့ မဟာယာနအဆင့်ကိုရောက်နေပြန်တယ်.. သူ့ရဲ့ဝိညာဥ်ချီတွေကလည်း ပြောင်းလဲနေတယ်.. တစ်ခါတစ်လေမှာ ပုံမှန်လမ်းစဥ်ကျင့်ကြံရေးပေမဲ့ တစ်ခါတစ်လေမှာတော့ နတ်ဆိုးကျင့်ကြံရေးဖြစ်နေတတ်တယ်"

ရှို့ကျို့က အေးစက်စက်နဲ့ ပြောလာသည်။
"ကျွန်တော်တို့မှာ လူတွေအများကြီးရှိတာဘဲ.. သူဘယ်လောက်ကျင့်ကြံဆင့်မြင့်မြင့် သူ့ကိုဖမ်းနိုင်မှာပါ"

အနီရောင်ဝတ်စုံနဲ့လူက ထွက်သွားတာတွေ့လိုက်တဲ့အခါ ရုန်ယိက သူ့နောက်ကိုလိုက်ဖို့ လူတွေလွှတ်လိုက်သည်။ နောက်တစ်နေ့မနက်မှာတော့ ထိုသူတွေက အနီရောင်ဝတ်စုံနဲ့လူက ဟယ်ရှန်းမြို့ကနေ လီခြောက်ထောင်ဝေးပြီး ဟိုင်ရှန်းမြို့ကနေ လီတစ်သောင်းလောက်ဝေးတဲ့ ချင်းဝူမြို့က လျှိုဟယ့်တည်းခိုခန်းမှာ တည်းခိုနေတယ်ဆိုတဲ့ သတင်းကိုပြန်ယူလာလေသည်။ ထိုသူက သူ့နောက်လိုက်နေတဲ့ ကျင့်ကြံသူတွေကိုရှောင်နေတာဆိုတာ သိသာလှသည်။

ရုန်ယိတို့တွေလည်း ထိုမြို့မှာ ယင်ကျင်းရဲ့လူတွေစီစဥ်ပေးထားတဲ့ တည်းခိုခန်းကို သွားရောက်လိုက်ကြသည်။

ယင်ကျင်းရဲ့ရဲ့လူတစ်ယောက်က သူဆွဲထားတဲ့ မြေပုံတစ်ချပ်ထုတ်ကာ ရုန်ယိတို့ကိုပြလာသည်။
"သခင် ဒီတစ်ခေါက် အဲ့လူလှုပ်ရှားမဲ့နေရာက ဝူကျန့်တည်းခိုဆောင် ဖြစ်လိမ့်မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now