*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်

8.7K 1.5K 55
                                    

ခြံဝန်းထဲမှာ တစ်ပတ်ပတ်ကြည့်ပြီးတာတောင်မှ ရုန်ယိတို့တွေမှာ ထိုအနီရောင်ဝတ်စုံနဲ့လူကို မတွေ့ရသေးချေ။

သိပ်မကြာခင်မှာဘဲ လေလံပွဲက တရားဝင်စတင်လေတော့သည်။

ခေါင်းလောင်းသံကြားတဲ့အခါ လူတိုင်း ထိုင်ခုံတွေဆီသွားလိုက်ကြပြီးတော့ ကျောက်ဆောင်တွေပေါ်က အဆောင်ငယ်လေးကို လှမ်းကြည့်လိုက်ကြသည်။

လေလံတင်မည့်သူက လေလံပစ္စည်းတွေသယ်ထားတဲ့ အစောင့် ဆယ်ယောက်ကျော်ကို ခေါ်ဆောင်ကာ အဆောင်ငယ်လေးဆီကို လျှောက်သွားပြီးနောက် အနီရောင်အဝတ်စကိုဖယ်လိုက်ကာ ပြောလာသည်။
"ပထမဆုံးပစ္စည်းကတော့ အဆင့်ကိုးရှယန်ချိပ်စည်းပါ"

ရှယန်ချိပ်စည်းက ဗုဒ္ဓလမ်းစဉ်မှော်လက်နက်တစ်ခုဖြစ်လေသည်။ ပိတ်စအနီဖယ်လိုက်တဲ့အချိန်မှာဘဲ ရွှေရောင်အလင်းတန်းတွေက အရပ်မျက်နှာမျိုးစုံကို ဖြာကျလာကာ တစ္ဆေကျင့်ကြံသူတွေ ၊ မိစ္ဆာကျင့်ကြံသူတွေနဲ့ သားရဲကျင့်ကြံသူတွေကို အလွန်မသက်မသာဖြစ်စေလေသည်။ အဆင့်နိမ့်တဲ့ကျင့်ကြံသူတွေဆိုရင် အဆင့်မြင့်တဲ့သူတွေနောက်မှာသာ ပုန်းကွယ်လိုက်ကြရသည်။ ရှို့ကျို့တောင်မှ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။

ယင်ကျင်းရဲ့က မသက်မသာအမူအရာ အနည်းငယ်လေးတောင်မှ ပြမလာတာတွေ့တော့မှသာ ရုန်ယိမှာ စိတ်သက်သာရာရသွားတော့သည်။

လေလံတင်သူက ၄င်းရဲ့ အသုံးဝင်ပုံနဲ့ စျေးနှုန်းကို မိတ်ဆက်ပေးလာသည်။ နှာမြောစရာကတော့ ဒီနေရာမှာ ဗုဒ္ဓကျင့်ကြံသူက အနည်းငယ်သာရှိလေသည်။ တစ်ချို့က လိုချင်ပေမဲ့ မတတ်နိုင်ကြတဲ့အချိန်မှာ တစ်ချို့ကတော့ တတ်နိုင်ပေမဲ့ သူတို့ရဲ့နိမ့်သေးတဲ့ကျင့်ကြံဆင့်တွေကြောင့် ဒီလက္နက်က သူတို့အတွက် အသုံးမဝင်ပေ။ နောက်ဆုံးတော့ ထိုပစ္စည်းမှာ လေလံမအောင်တဲ့ပစ္စည်းဖြစ်သွားပြီး.လေလံတင်သူက နောက်ပစ္စည်းတစ်ခုကို ဖွင့်ပြလာသည်။

ရုန်ယိတို့လည်း အနီရောင်ဝတ်စုံနဲ့လူကိုရှာမတွေ့ခဲ့ကြတာကြောင့် ခပ်မြင့်မြင့်တစ်နေရာကိုရှာကာ လေလံပွဲကိုသာ အဆုံးထိကြည့်ခဲ့လိုက်ကြတော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now