Chapter-0.1 (ပထမဆုံးရက်/ပထမဆုံးရကျ)

3.9K 357 26
                                    

Zawgy


ဒီနေ့ ရာသီဥတုက အရင်နေ့ကထက် ပိုထူးခြားနေတယ်၊ကောင်းကင်က မြူဆိုင်းနေသလို မှိုင်းဝေနေခဲ့တယ်၊

ပုံမှန်ကြည်လင်နေတဲ့ရေတွေက အနည်တွေကျနေတယ်၊လူတွေက သတိထားမိမှာမဟုတ်ဘူး၊ထိုရေထဲမှာ ပါတဲ့ဘတ်တီးရီးယားမျိုးစိတ်သစ်ကြောင့် တိရစ်ဆာန်တွေက စတင်ပြောင်းလဲလာလိမ့်မည်၊

တိရစ်ဆာန်တွေက ထူးခြားတဲ့စရိုက်တွေ ပြသလာတယ်၊ရိုင်းစိုင်းလာပြီး အချင်းချင်းသတ်ဖြတ်လာလိမ့်မည်၊

အဲ့တာက ပထမဆုံးရက်။

------------------

ရာသီဥတုက အရင်နေ့ကထက် ပိုပြီးချမ်းစိမ့်နေတယ်၊တီဗီကနေလည်း ထူးဆန်းတဲ့ဓာတ်ငွေ့ယိုစိမ့်မှုတွေအကြောင်း မြို့တိုင်းနီးပါးပြောနေတယ်၊

ပုန်းညက်ခြွေ ထိုအကြောင်းကို သိပ်အာရုံမထားတော့ပဲ ဒီနေ့ ကျောင်းပွဲတော်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန်အတွက်သာ အလုပ်များနေတော့သည်၊

ဆောင်းအလယ်ပိုင်းဖြစ်တာကြောင့် ရာသီဥတုကချမ်းစိမ့်နေပေမယ့် ပုန်းညက်ခြွေကတော့ ကျောင်းပွဲတော်အတွက် တက်ကြွနေတာကြောင့် ရာသီဥတုရဲ့ချမ်းစိမ့်မှုကို မမုပေ၊ကျောင်းအဆောင်ကနေ ကျောင်းဝင်းထဲသွားဖို့ဆိုရင် နာရီဝက်လောက်သာကြာမြင့်ပြီး ပုန်းညက်ခြွေကျောင်းထဲရောက်တော့ သူ့အတန်းဖော်တွေက ကျောင်းပွဲတော်အတွက် စတင်ပင်ပြင်ဆင်နေကျပြီ၊

"ပုန်းညက် မင်းလာပြီပဲ" ပုန်းညက်ခြွေရဲ့သူငယ်ချင်းဖြစ်သူ မင်းခက ပြောလိုက်ပြီး ပုန်းညက်ခြွေရဲ့လက်ထဲကို အထုပ်တွေထည့်ပေးလိုက်ပြီး ဆက်ပြောလာတော့သည်၊

"ဒါ ဆရာနားနေဆောင်ကို သွားပို့ရမှာ မင်းလာတာ အတော်ပဲ "

"ငါသွားပို့ပေးလိုက်မယ်" ပုန်းညက်ခြွေပြောလိုက်ပြီး အထုပ်တွေကို သေတ္တာအလွတ်ထဲထည့်လိုက်ပြီး မကာ ဒုတိယအဆောင်ဘက်ကို ဦးတည်သွားတော့သည်၊

ပြတင်းပေါက်ကနေတဆင့် အားကစားကွင်းထဲကစားနေတဲ့ကျောင်းသားတွေကို တွေ့နေရပြီး ကျောင်းစင်္ကြံမှာ ရယ်မောကာသွားလာနေတဲ့ကျောင်းသူ၊ကျောင်းသားတွေကိုပါ တွေ့ရပြီး တစ်ချို့ကလည်း သူ့ကို နူတ်ဆက်ကျသည်၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Where stories live. Discover now