Chapter -1(ထကြွလာတဲ့ဇာတ်ကောင်)

812 107 5
                                    

Zawgyi

[ပြန်လည်ကြိုဆိုပါတယ် Host]ခပ်စူးစူးအသံကြောင့် ပုန်းညက်ခြွေမျက်လုံးများ ဖွင့်လာတော့သည်၊ဒါပေမယ့် သူရောက်နေတဲ့နေရာကြောင့် ကြောင်အသွားတော့သည်၊အဖြူရောင်အခန်းကြီးထဲမှာ တည်ရှိနေပြီး ဘေးပတ်လည်မှာ မည်သည့်ပစ္စည်းပရိဘောဂများမရှိပေ၊

'ငါ ဘယ်ရောက်နေတာလဲ'

[System: ကြိုဆိုပါတယ် Host!]ခပ်စူးစူးအသံထွက်လာပြန်တာကြောင့် သူလိုက်ရှာပေမယ့် ရှာမတွေ့ပေ၊ဒါကြောင့် ပုန်းညက်ခြွေ ဘယ်သူလဲလို့မေးလိုက်သည်၊

[System: ငါက စနစ်တစ်ခုသာသာပဲ၊နာမည်မရှိဘူး]

"မင်း ငါ့ဆီက ဘာလိုချင်လို့လဲ" ပုန်းညက်ခြွေ အပေါ်ဘက်က အသံလာမှန်းသိတာကြောင့် အပေါ်ကိုမော့ကြည့်ကာ မေးလိုက်သည်၊Systemက ဘာများဖြေမလာပေ၊

'ငါက ဘာလို့ဒီကိုရောက်နေတာလဲ' ပုန်းညက်ခြွေစိတ်ထဲကနေ ပြောလိုက်ပေမယ့် Systemက ပြောလာတော့သည်၊

[System: မင်းကို လက်ဆောင်တစ်ခုပေးမယ်]

System က ပြောလိုက်ပြီးနောက်မှာ လေထဲကနေ စာအုပ်တစ်အုပ်ပေါ်လာတော့သည်၊ ပုန်းညက်ခြွေဟာ လှမ်းဖမ်းလိုက်ပြီးနောက်မှာ ကြည့်လိုက်တော့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်နေမှန်းသိလိုက်ရသည်၊

(အချစ်ရဲ့မျှော်လင့်ချက်) စာအုပ်နာမည်ဖြစ်ပြီး သူ့စိတ်ထဲအနည်းငယ်ထူးဆန်းနေတော့သည်၊ဘာကြောင့် Systemက သူ့ကို စာအုပ်လက်ဆောင်လာပေးရတာလဲ၊ဒါပေမယ့် သူဟာ စိတ်ထဲမထားတော့ဘဲ စတင်ဖတ်လိုက်တော့သည်၊ပထမဆုံး စာမျက်နှာမှာပင် သူဟာ အံ့အားသင့်သွားစေသည်၊

(သူကို ကျွန်တော်မစောင့်ရှောက်နိုင်ခဲ့ဘူး၊ဒါပေမယ့် တစ်နေ့ သူနဲ့တူတဲ့ကောင်လေးတစ်ယောက် ကျွန်တော့်ဘဝထဲကို ရောက်လာခဲ့တယ်...၊ထိုကောင်လေးကိုတော့ ကျွန်တော်ထပ်ပြီး အဆုံးအရှူံးမခံနိုင်တော့ဘူး၊ဒါပေမယ့် ပုန်းညက်က ကျွန်တော့်ဘဝတစ်ခုလုံးပဲလေ -ဈာန်ဝံ့မာန်)

"ဒါ..." ပုန်းညက်ခြွေဆက်မပြောနိုင်တော့ဘဲ စာအုပ်ကို ဆက်ဖတ်ပြီးရင်း ဖတ်နေတော့သည်၊နောက်ဆုံးမှာတော့ တဖြေးဖြေးနားလည်လာတော့သည်၊သူက ဇာတ်ကောင်တစ်ယောက်ဖြစ်နေခဲ့တာပဲ၊ဒီဇာတ်လမ်းက ကမ္ဘာပျက်ကိန်းနဲ့ပတ်သတ်ပြီး ရေးသားထားတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည်၊ဇာတ်လိုက်က အချစ်ဦးဆုံးရှူံပြီးနောက်မှာ ရောက်ရာတက်ရာ ဇွန်ဘီတွေနဲ့တိုက်ခိုက်နေရင်း အချစ်ဦးနဲ့ဆင်တဲ့ကောင်လေး(အဓိကဇာတ်ကောင်)ကို စတင် တွေ့ဆုံခဲ့သည်၊ထိုကောင်လေးဟာ ဇာတ်လိုက်ကို မြင်မြင်ချင်းချစ်ခဲ့ပြီး ဇာတ်လိုက်ရဲ့ဝေဒနာတွေကို စတင်ပြီးဖြေသိမ့်ပေးလာတော့သည်၊ဒါပေမယ့် စာအုပ်မှာ ဇာတ်သိမ်းထိ မပါခဲ့ပေ၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Where stories live. Discover now