Chapter-0.2(ဒုတိယရက်/ဒုတိယရကျ)

1.2K 214 18
                                    

Zawgyi


ကျွန်တော်တို့ဘက်မှာ ရုတ်တရက် နေကြတ်ဖြစ်စဉ်ဖြစ်သွားတယ်၊

လူတွေက မှတ်တန်းတင်ပြီး၊အားလုံးက အမှတ်တရကိုယ်စီနဲ့ပြောဆိုနေကျတယ်၊

နေ့ခင်းဘက်ကြီး ကောင်းကင်က သွေးရောင်လွှမ်းမိုးထားသလို၊ဖြစ်နေပေမယ့်၊လူတွေက အဆန်းအကျယ်မဖြစ်ကျဘူး၊

သူတို့ သတိမထားမိကျဘူးလား၊လိမ္မာတဲ့အိမ်မွေးတိရစ်ဆာန်တွေတောင် အချင်းချင်းရန်ဆောင်နေကျတာကိုလေ၊

အဲ့တာ ဒုတိယရက်။

--------------------

မနေ့က ကိစ္စကိုတောင် ပုန်းညက်ခြွေမေ့လုနီးပါးဖြစ်နေချိန်မှာ မနက်အစောပိုင်းကြီး ဖုန်းကောလ်ဝင်လာတော့သည်။မနက်ပိုင်းတည်းက  အဆောင်မှူးရဲ့ရေဒီယိုကနေ Zမြို့တော်နဲ့Yမြို့တော်ကြားက ဓာတ်ငွေ့ပေါက်ကွဲမှုအကြောင်း အသေးစိတ်သတင်းလွင့်လာသည်၊

"ပြော..." ပုန်းညက်ခြွေဖုန်းကို ကိုင်ကာ အိပ်ချင်မူးတူးအသံဖြင့်ပြန်ဖြေလိုက်သည်၊တစ်ဖက်က ဈာန်ဝံ့မာန်ရဲ့အသံဟာ တက်ကြွစွာထွက်ပေါ်လာတော့သည်၊

"ပုန်းညက် အပြင်ကိုကြည့်လိုက် နေကြတ်နေတယ်!!"

"မနက်စောစော လီးစကားတွေ ပြောပြန်ပြီ အိပ်တော့မယ်ဟ"ပုန်းညက်ခြွေ သူအိပ်ချိန်ကို လာနှောင့်ယှက်တဲ့ဈာန်ကို ဆဲဆိုပြီး ဖုန်းချရန် လုပ်လိုက်ပေမယ့် တစ်ဖက်က အပြင်ထွက်ကြည့်ရန်သာ ပြောလာတာကြောင့် ပုန်းညက်ခြွေလက်လျော့လိုက်ပြီး အိပ်ယာပေါ်ကနေ ထကာ အပြင်ဘက်ကိုသာထွက်ကြည့်တော့သည်၊

ကောင်းကင်ဟာ ပုံမှန်နေ့လိုပဲ တိမ်ဖြူများဖုံးလွှမ်းနေပြီး သူဟာ နေကို လှမ်းကြည့်လိုက်ပေမယ့် စူးစိုက်တဲ့နေအလင်းရောင်ကြောင့် သူ့မျက်လုံးကျိမ်းဝေသွားပြီး မျက်လုံးကို ပိတ်ချလိုက်ရတော့သည်၊

ပုန်းညက်ခြွေ အနီးနားက သူ့စွပ်ကျယ်အင်္ကျီပါးနှစ်ထည်ကို ဆင့်လိုင်ပြီး မျက်လုံးပေါ်အုပ်ကာ ထပ်ကြည့်လိုက်သည်၊နေဟာ လရဲ့အလုံးစုံလွှမ်းမိုးခြင်းမခံသေးပဲ လေးပုံပုံ တစ်ပုံသာ လွှမ်းမိုးခံရသေးသည်၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Where stories live. Discover now