Chapter-11

261 41 4
                                    

Zawgyi

"ဈာန် မင်းရဲ့အဖေကိုတော့ ငါလေးစားပြီးရင်း လေးစားလာပြီ....သေနတ်ပစ်ကွင်းကြီး တကယ်ရှိတယ်ပေါ့" မင်းခန့်သော်တာက လေသေနတ်ကိုကိုင်ထားရင်း အားကျစွာပြောလိုက်သည်၊ဈာန်ဝံ့မာန်ကတော့ ပုန်းညက်ခြွေကို သေချာသင်ပေးရင်း မင်းခန့်သော်တာဘက်လှည့်ကာ ရှင်းပြလိုက်သည်၊

"FDသေနတ်ပစ်ကွင်းက ငါတို့အပိုင်ဆိုတာ မင်းသိတယ်မလား...ဒါပေမယ့် ငါ့အမေက အဖေ့ကို ခဏခဏသွားခွင့်မပေးဘူးလေ ဒါကြောင့် မြေအောက်မှာ သီးသန့်ဆောက်လိုက်တာပဲ"

"တကယ်တော့ ဒီနေရာကနေမထွက်ခွာသွားနဲ့တင် ငါတို့တင် အသက်ရှင်မယ်ထင်တယ်" မင်းခန့်သော်တာက အတော်ကိုကျယ်ဝေးတဲ့မြေအောက်သေနတ်လေ့ကျင့်ကွင်းကိုကြည့်ရင်းပြောလိုက်သည်၊

"လျှပ်စစ်ဓာတ်အားက တသက်လုံးရမယ်ထင်နေတာလား...ငါတို့က တစ်လကျော်တောင် မီးဆက်ရဖို့မသေချာဘူး အဲကျရင် ငါတို့ခြံဝန်းက မလုံခြုံတော့ဘူးလေ..."

"ငါက ဒီအတိုင်းစိတ်ကူးယဉ်ကြည့်တာပါ" မင်းခန့်သော်တာက အသံတိုးတိုးဖြင့်ပြောလိုက်ရင်း လေသေနတ်ကို ပစ်မှတ်ကိုချိန်ကာပစ်လိုက်ပေမယ့် လွဲသွားတော့သည်၊

"ဒါက အရမ်းခက်တာပဲ"

"မင်းရဲ့စိတ်အားထက်သန်မှုကို သေနတ်လေ့ကျင့်တဲ့နေရာမှာထည့်ရင် မင်းအသက်ပိုရှည်လိမ့်မယ်" စိုင်းက အနောက်ကနေရောက်လာကာ ပြောလိုက်ပြီး သူရဲ့လက်တစ်ဖက်ကို မင်းခန့်သော်တာရဲ့ခါးပေါ်တင်လိုက်ပြီး နောက်ထပ်လက်တစ်ဖက်ကတော့ မင်းခန့်သော်တာရဲ့လက်ပေါ်အုပ်လိုက်ပြီး သေနတ်ကိုသေချာချိန်ပေးရင်း ခလုတ်မောင်းတံကိုဆွဲလိုက်သည်၊

[ကိုးမှတ်]

"သူတော်ကြောင်း လာကြွားနေတယ်" မင်းခန့်သော်တာက ပွစိပွစိနဲ့ပြောနေပေမယ့် စိုင်းရဲ့သင်ပြမှုအောက်မှာ လိုက်နာစွာသင်ယူနေတော့သည်၊

"မင်းရဲ့ချစ်သူက အတော်ပါရမီရှိတာပဲ" စိုင်းက ပုန်းညက်ခြွေရဲ့တိကျသေသပ်စွာပစ်တဲ့ပုံစံကိုကြည့်ရင်း ချီးကျူးလိုက်တော့ ဈာန်ဝံ့မာန်က ဂုဏ်ယူစွာပြုံးသွားတော့သည်၊

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Where stories live. Discover now