*137* ဖမ်းဆီးခံရခြင်း

7.4K 1.4K 31
                                    

"မင်းကဘယ်သူလဲ..ဘာလို့ ကျိုရွှီဂိုဏ်းရဲ့တားမြစ်နယ်မြေထဲကို ကျူးကျော်လာရတာလဲကွ"
ထိုတပည့်တွေက ဒေါသထွက်နေတဲ့ပုံတွေနဲ့ သူတို့ဓားတွေနဲ့ ရုန်ယိကို ချိန်ထားကြလေသည်။

"ကျွန်တော်က ရုန်ယိပါ..ထျန်းရွှီတောင်ထိပ်က တပည့်တစ်ယောက်ပါ"

ခေါင်းဆောင်လာတဲ့တပည့်က
"မင်းက ကျိုရွှီဂိုဏ်းရဲ့တပည့်ဆိုမှတော့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရင် ဂိုဏ်းကနေထုတ်ပယ်ခံရမယ်ဆိုတာ သိသင့်တယ်"

"တားမြစ်နယ်မြေ... ဒီနေရာက တားမြစ်နယ်မြေလား"
ရုန်ယိ ရှင်းပြလိုက်၏။
"ကျွန်တော်မသိခဲ့ဘူး.. ကျွန်တော့်ကို တစ်ယောက်ယောက်က ဒီနေရာကိုခေါ်လာတာ"

"ကျိုကျွမ့်တောင်က တားမြစ်နယ်မြေဆိုတာ မသိတဲ့တပည့်မရှိဘူး.. ပြီးတော့ ဒီမှာ မင်းတစ်ယောက်တည်းရှိနေတာဘဲတွေ့တာ တစ်ခြားသူမရှိဘူး..ဒါ့အပြင် မင်းကိုယ်ပေါ်မှာ ပျံသန်းခြင်းအင်းကွက်တွေလည်း ရှိနေသေးတယ်.. အဲ့တာက မင်းဘာ့သာ ဒီကို ပျံသန်းလာတယ်လို့ ပြောနေတာဘဲ.. မင်းက လိမ်ညာနေသေးတယ်.. အပြစ်နှစ်ခုတောင်ဘဲ!"

ရုန်ယိ မျက်မှောင်ကြုတ်သွား၏။ သူဘယ်လောက်ဘဲ ရှင်းပြပါစေ ဒီလူတွေက သူ သူ့ဘာသာဒီကိုဝင်လာတယ်လို့သာ အခိုင်အမာယုံကြည်နေကြပြီး သူ့ကို အပြစ်ဒဏ်ပေးကြလိမ့်မည်။ ဒါပေမဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေရတာလဲ..။

သူဖြစ်နိုင်ချေရှိတဲ့ နာမည်တွေအကုန်စဥ်းစားကြည့်ပေမဲ့လည်း ဘယ်သူက သူ့ကိုထောင်ချောက်ဆင်ပြီး လူတွေအများကြီးကို စော်ကားသလိုဖြစ်အောင် လုပ်တာလဲဆိုတာ တွေးကြည့်လို့မရပေ။

"မင်းတို့ငါ့ကို ထုတ်စရာမလိုဘူး.. ငါ့ဘာသာငါ ထွက်သွားမယ်"

ဘာဘဲဖြစ်ဖြစ် အစကတည်းက ရုန်ယိမှာ ကျိုရွှီဂိုဏ်းမှာ နေမဲ့ရည်ရွယ်ချက်မရှိပေ။

တပည့်ခေါင်းဆောင်မှာ သုန်မှုန်စွာနဲ့
"ဒီနေရာကို မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့နေရာများ ထင်နေလား.. သူ့ကို နောက်ထပ်စစ်ဆေးမေးမြန်းမှုတွေအတွက် ချုပ်ထားလိုက်ကြစမ်း"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now