*138* နောက်ဆုံးအသက်တစ်ရှိုက်

7.6K 1.4K 59
                                    

ဂိုဏ်းချုပ်က ရုန်ယိကို ပန်ယွဲ့တောင်ကို ခေါ်လာခဲ့သည်။ သူအရင်ဆုံး ရုန်ယိကို ခန်းမထဲမှာ စောင့်နေဖို့ပြောကာ သူ့ဇနီးကို ဘာတွေဖြစ်နေတာလဲဆိုတာ မေးမြန်းကြည့်ဖို့အတွက် အတွင်းကို ဝင်သွားလိုက်သည်။

ရုန်ယိမှာ ပိတ်သွားတဲ့တံခါးမကြီးကို ကြည့်ကာ မျက်ခုံးတွေ ကြုံ့လိုက်မိသည်။ ဂိုဏ်းချုပ်က သူ့ကိုလွှတ်ပေးဖို့ သူ့ဇနီးကို နားချနိုင်မယ်လို့ သူတော့မထင်ပေ။ ဒါ့အပြင် သခင်မကြီးက သူ့ကို နေ့ခင်းကြောင်​ေတာင်ကြီးမှာ ချောက်ချရဲတယ်ဆိုမှတော့ သူမက ဂိုဏ်းချုပ်ကို နားချနိုင်ဖို့ပါ ပြင်ဆင်ထားပြီးပြီဆိုတဲ့ သဘောပင်။

ဂိုဏ်းချုပ် သူ့အခန်းထဲကိုဝင်သွားတဲ့အခါ သူ့ဇနီးက မျက်ခုံးမွှေးဆွဲနေလေသည်။ ဒါကြောင့် သူမကိုစောင့်ပေးနေတဲ့ တပည့်မလေးကို အပြင်ထွက်ဖို့ပြောကာ သူမရဲ့မျက်ခုံးမွှေးဆွဲတံကို မချမချင်း ဘာမေးခွန်းမှ မမေးခဲ့..။
"ယင်ရုံ.. ရုန်ယိကို ကိုယ့်တပည့်အဖြစ် လက်ခံထားတယ်ဆိုတာ မင်းလည်းသိပါတယ် .. ဘာလို့ ကိုယ့်ကိုအသိမပေးဘဲ တားမြစ်နယ်မြေထဲဝင်ပါတယ်ဆိုပြီး သူ့ကိုဖမ်းဆီးထားရတာလဲ.. ပြီးတော့ ယွဲ့ယောင်ကို လူတွေခေါ်သွားပြီး သူ့ကို သွားစော်ကားခွင့်ပြုလိုက်သေးတယ်"

တစ်ကယ်တမ်း သူ့ကို မကျေမနပ်အဖြစ်စေဆုံးက သူ့ဇနီးက အမြဲတမ်း သူ့ကိုအသိမပေးဘဲ ဆုံးဖြတ်ချက်တွေချတတ်တာကို ဖြစ်သည်။ သူမက အမြဲတမ်း သူ့ရဲ့ဂိုဏ်းချုပ်ဆိုတဲ့ဂုဏ်ပုဒ်ကို အရေးမစိုက်သလိုပြုမူတတ်သည်။

ရှောင်ယင်ရုံကတော့ သူ့ရဲ့ဒေါသတွေကို မျက်လုံးထဲတောင်မထည့်ပေ။ သူမက ဆံထုံးထဲကို လှပတဲ့လိပ်ပြာဆံထိုးလေးစိုက်နေရင်းနဲ့ သာမန်ကာသျှံကာ ပြောလိုက်သည်။
"ရန်ရွေ့..ဒါက တပည့်ငယ်လေးတစ်ယောက်ပါဘဲ.. ဒါဘာဖြစ်လို့လဲ.. ရှင်ကျွန်မကို စိတ်ဆိုးဖို့လိုလို့လား.. သူက ရှင့်ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုပျက်စီးစေလို့ အရင်က သူ့ကိုရှင်မုန်းပြီး ဂိုဏ်းကနေထုတ်ပစ်ချင်ခဲ့တာ ကျွန်မမှတ်မိသေးတယ်.. အခု ကျွန်မလုပ်ခဲ့တာက ရှင်ဖြစ်ချင်နေတာဘဲ မဟုတ်ဘူးလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now