*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး

8K 1.4K 52
                                    

"ဆရာဦးလေးရုန်က အခုမှ ချီသန့်စင်အဆင့်ဘဲရှိသေးတာလေ.. အခြေတည်အဆင့်ကလူတွေ ရိုက်တာကိုဘယ်လိုလုပ် ခံနိုင်ပါ့မလဲ..ပြီးတော့ ရှောင်မိသားစုက သူ့ကိုမုန်းတီးနေတဲ့ဟာ..ပုံမှန်ထက် အားပြင်းပြင်းနဲ့ရိုက်မှာ သေချာပေါက်ဘဲ.. သူသေသွားအောင်လို့ ဝိညာဥ်စွမ်းအားတွေ လျှို့ဝှက်ပြီးသုံးရင်တောင် သုံးထားဦးမှာ.."

တုတ်ကိုင်ထားတဲ့ တပည့်တွေက အမြန် ပြန်ငြင်းဆိုလာကြသည်။
"မဟုတ်တာတွေ လျှောက်ပြောမနေနဲ့.. ငါတို့ ဝိညာဥ်စွမ်းအားကို လုံးဝမသုံးထားဘူး"

တပည့်တစ်ယောက်က
"သူက သေသွားပြီဆိုမှတော့ ဒီစကားတွေက ဘာအသုံးဝင်တော့မှာမလို့လဲ"

ရှောင်ရှင်းကျန့်က အော်ဟစ်လာ၏။
"သူသေသွားပြီလို့ မင်းတို့ကို ဘယ်သူပြောလဲကွ.. သူအသက်မရှူတော့တာ သေချာလို့လား.. မင်းတို့က သူ့နှလုံးခုန်နှုန်းကိုတောင်မစမ်းကြည့်ရသေးဘဲ.. သူသေသွားပြီလို့ ဘယ်လိုလုပ်သိလဲ"

သူထိုင်ချကာ ရုန်ယိရဲ့ အသက်ရှူနှုန်းကို စမ်းကြည့်လိုက်သည်။ အားနည်းတဲ့ အသက်ရှူနှုန်းလေးကို ခံစားမိလိုက်တော့မှသာ သူသက်ပြင်းချလိုက်မိသည်။ ရုန်ယိကို ဒီနေရာမှာ တစ်ခါတည်းသေသွားစေချင်ပေမဲ့လည်း အခုတော့ မဟုတ်သေးပေ။

ရှောင်ရှင်းကျန့်က ထရပ်လိုက်ပြီး
"သူ အသက်ရှူနေသေးတယ်"

ရှောင်မိသားစုက တပည့်တစ်ယောက်က မေးလာသည်။
"ကျွန်တော်တို့ သူ့ကို ကုသပေးလိုက်ရမလား"

ရှောင်ရှင်းကျန့်က သူ့ကို တစ်ချက်စိုက်ကြည့်ကာ
"မင်းသူ့ကို ကုသဆေးလုံးတိုက်လိုက်ရင်.. ငါတို့က သူ့ကို ဘာမှမဟုတ်ဘဲ ရိုက်လိုက်သလိုဖြစ်သွားမှာပေါ့ကွ"

"ဒါဆို အခုဘာဆက်လုပ်ကြမှာလဲ.. သူ့ကို ဆက်ရိုက်ရမှာလား..မရိုက်ရဘူးလား"

ရှောင်ရှင်းကျန့် "....."

ဒါက အခုချိန်မှာ ရွေးချယ်လို့မရသေးပေ။ မဟုတ်ရင် သူတစ်ကယ်ဘဲ သေသွားပေလိမ့်မည်။ ဒါပေမယ့် သူ့ကို ကုသရေးဆေးလုံးတိုက်ပြီး ဆက်ရိုက်ဖို့ကလည်း မဖြစ်နိုင်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now