*140* ငါသူ့ကိုသတ်ပစ်မယ်

7.9K 1.6K 129
                                    

ပိုင်ယွမ်ချန်ရဲ့နာမည်အောက်မှာ ရုန်ယိ ကျိုရွှီဂိုဏ်းကို ဖိတ်ခံလိုက်ရတဲ့ညမှာတော့ ယင်ကျင်းရဲ့နဲ့ တစ်ခြားသူတွေက ရုန်ယိတော်တော်နောက်ကျတဲ့အထိ ပြန်မရောက်သေးတဲ့အခါ သူ တစ်ညအိပ်မယ်လို့ ထင်ကြတာကြောင့် ဘယ်သူမှအများကြီး တွေးမနေတော့။

နောက်တစ်နေ့ နေ့လည်မှာတော့ ယင်ကျင်းရဲ့မှာ သူ့ရဲ့ စိတ်ဝိညာဥ်အာရုံမှာ တုန်ခါမှုအရိပ်အယောင်လေး ခံစားလိုက်ရလေသည်။ ထိုတုန်ခါမှုမှာ မြန်လွန်းတာကြောင့် သူ ထင်ယောင်ထင်မှားဖြစ်သွားသလိုမျိုးပင်။

သူ ချက်ချင်းထရပ်ကာ မျက်မှောင်ကြုတ်ရင်း တံခါးနားသွားပြီး မေးလိုက်၏။
"ရှောင်ယိ ပြန်ရောက်ပြီလား"

ခေါင်မိုးပေါ်မှာ ထိုင်နေတဲ့ ရှင်းဟယ်က ပြန်ဖြေလာသည်။
"မရောက်သေးပါဘူး"

ယင်ကျင်းရဲ့မှာ ပြန်လှည့်သွားကာ သူ့မျက်ခုံးကြားကို ပွတ်လိုက်မိသည်။ ဒီဖျော့တော့တဲ့ တုန်ခါမှုလေးက သူထင်ယောင်ထင်မှား ဖြစ်နေတာများလား.. ဒါမှမဟုတ် ရုန်ယိတစ်ယောက် တစ်ကယ်ဘဲ မတော်တဆတစ်ခုခုဖြစ်နေတာလား..။

အကယ်၍ အသွားလမ်းမှာသာ သူ တစ်ခုခုဖြစ်ခဲ့ရင် သူ့ကို နောက်ကွယ်ကနေ ကာကွယ်နေတဲ့ ကိုယ်ရံတော်တွေက သူ့ဆီ ပြန်လာပြီး သတင်းပို့မှာဖြစ်သည်။ ဒါပေမဲ့ သူ ဘာတင်းမှာမရဘူးဆိုတော့ ရုန်ယိက အခုထိ ကျိုရွှီဂိုဏ်းထဲမှာ ရှိနေတုန်းဘဲ ဖြစ်လိမ့်မည်။

ကျိုရွှီဂိုဏ်းထဲက ကျင့်ကြံသူတွေအကုန်လုံးက ရုန်ယိရဲ့ မွမ်းမံခြင်းအင်းကွက်တွေရဖို့ တန်းစီနေကြတာဆိုတော့ သူ့ကို ထိခိုက်အောင်တော့ လုပ်ကြမှာမဟုတ်.. သူ ထိုနေရာမှာ တစ်ခြားတစ်ခုခုနဲ့ တွေ့ကြုံနေရတာမဟုတ်ရင်ပေါ့..။

ထို့နောက် သူ ရုန်ယိကို သဘောမကျကြတဲ့ အကြီးအကဲတွေကို သတိရသွားတာကြောင့် အနောက်ခြံဝန်းထဲကနေ အမြန်ထွက်လာကာ အရှေ့ခြံဝန်းထဲက ခန်းမဆီကို လျှောက်လာလိုက်သည်။

ဒါပေမဲ့လည်း ရုန်ယိကို မတွေ့ရသေးတာကြောင့် သူ့မျက်မှောင်တွေ ပိုလို့တောင် ကြုတ်သွားရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now