*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး

8.8K 1.7K 158
                                    

ယင်ထောင်က သူသန့်စင်ထားတဲ့ ဓားကွေးလေးကိုထုတ်ကာ စိတ်လှုပ်ရှားစွာနဲ့ လေထဲမှာ ဝှေ့ယမ်းလိုက်၏။
"သတ်..သတ်..."

ကလေးနှစ်ယောက်ကို ကိုင်ထားရင်းနဲ့ ကျန်းမုမှာ တခစ်ခစ်ရယ်မောကာ တိုက်ခိုက်နေတဲ့အထဲကို တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။ ယင်ထောင်က သူ့ဓားလေးကို ကိုင်ကာ ကျိုရွှီဂိုဏ်းက တပည့်တစ်ယောက်ရဲ့ နောက်ကျောကို ထိုးစိုက်လိုက်လေသည်။ ဒါက တစ်ခြားတစ္ဆေကျင့်ကြံသူတွေလုပ်တာကိုကြည့်ရင်း သူ့ဘာသာသူသင်ယူထားတာဖြစ်၏။

တိုက်ခိုက်ခံလိုက်ရတဲ့ တပည့်မှာ အတော်လေးအံ့အားသင့်သွား၏။ သူအမြန်လှည့်ကြည့်လိုက်ပြီး တိုက်ခိုက်လာတဲ့သူက အားနည်းပြီး ချစ်စရာကလေးလေးသုံးယောက်ဆိုတာ တွေ့လိုက်ရတဲ့အခါ သူနေရာမှာ အေးခဲသွားရသည်။ မယုံကြည်နိုင်မှုကြောင့် သူ့မျက်လုံးသူပွတ်ကြည့်ကာ သူအမြင်မှားတာမဟုတ်ကြောင်း သေချာအောင်လုပ်ကြည့်လိုက်သည်။ သူ့ကို ပိုပြီးအံ့သြစေတာကတော့ ကလေးတစ်ယောက်ဆိုရင် တစ်နှစ်တောင်ပြည့်ဦးမဲ့ပုံမပေါ်ချေ။

သူ ထိုကလေးသုံးယောက်ကို အံ့သြစွာနဲ့ ကြည့်လိုက်မိသည်။ ကလေးတွေက ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။

ထို့နောက် ယင်ထောင်လက်ထဲက ဓားလေးရဲ့ထိပ်က သွေးစွန်းနေတာကို သူ့မျက်လုံးထဲမြင်တွေ့လိုက်ရသည်။ အခုလေးတင် သူ့ကျောကို ဒီဓားနဲ့ ထိုးခံလိုက်ရတာဖြစ်လိမ့်မည်..။ ဒေါသတွေထွက်စွာနဲ့ သူ့ရဲ့မှော်လက်နက်ကို မြှောက်ကာ ယင်ထောင်ရဲ ဓားကွေးလေးဆီကို လွှဲရမ်းချလိုက်သည်။

ဂျွတ်... ဆိုတဲ့အသံနဲ့အတူ ဓားကွေးလေးက နှစ်ပိုင်းကျိုးထွက်သွား၏။

"အား.... ငါ့ဓား..."
သူသန့်စင်ထားတဲ့ ဓားအသေးလေး ကျိုးသွားတာတွေ့လိုက်ရတဲ့အခါ.ယင်ထောင်မှာ ထိုသူ့ကို မျက်လုံးရဲရဲလေးတွေနဲ့ စိုက်ကြည့်လိုက်သည်။

"အာ..အာ...အာ...."
ယင်စန်စန်ကလည်း ထိုသူ့ကို.စိုက်ကြည့်လိုက်သည်။
ဒီလူဆိုးကြီးက သူ့အစ်ကိုရဲ့ ဓားကိုချိုးပစ်လိုက်တယ်ပေါ့...

ထိုလူမှာတော့ ကလေးနှစ်ယောက်ရဲ့ စိုက်ကြည့်တာခံနေရတာကြောင့် အနေရခက်လာကာ သူ့ကိုယ်သူ ငယ်ရွယ်ပြီးအားနည်းသူလေးတွေကို အနိုင်ကျင့်နေမိသလို ခံစားလိုက်ရ၏။
"ကလေးတွေ.. မင်းတို့....အား....."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now