အပိုင်း ၈

1.8K 108 1
                                    

🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
  
     🍒part 8 🍒
____________________________

ဇော်ရိန်ဆိုင်းသည် သူချစ်ရသော ကလေးကို မနက်စာကျွေးပြီး အလုပ်သို့ခေါ်လာထဲ့တော့သည် ။
အပြုံးကို ဆရာဝန်နှင့်မပြချင်ပေ ။
အပြုံး နေပြန်ကောင်းသွာငး ရင် သူ့ဆီက ထွက်သွားမည်ကိုကြောက်နေမိပြန်၏ ။

အပြုံးက အခု သူ့ကိုအရမ်းချွဲတာ ။ ကလေးဆိုးလေး ။

" ဦး အပြုံး လေ အိပ်ချင်တယ် "

အပြုံး အိပ်ချင်နေမိ၏ ။ ကားပေါ်မှာ စီးလာသောကြောင့် ဖြစ်ပေလိမ့်မည် ။

" လာ ကိုယ့် ပေါ်မှာလာအိပ် "

အပြုံးသည် ဇော်ရိန်ဆိုင်းထက်စာရင် ခန္ဓာကိုယ် ညှက်သည် ။
အပြုံးသည် စဥ်စားမနေတော့ပဲ ဇော်ရိန်ဆိုင်း၏ ပေါင်ကို ခေါင်းအုံးကာ ခွေခွေလေး အိပ်ပျော်လာခဲ့သည် ။

ဇော်ရိန်ဆိုင်းကတော့ အပြုံးရဲ့ ဆံပင်လေးကို သပ်ပေးလျက် ။
ကားမောင်းနေသော ရန်လင်းကတော့ ကြည့်နေမိ၏ ။
သူတို့၏ Boss သည် အများကြီးပြောင်းလဲ သွား၏ ။

ခဏကြာသောအခါ အလုပ်သို့ရောက်သွား၏ ။ အပြုံးကတော့ မထသေးပေ ။
ပါးစပ်ကလဲ ဟလျက် ။ ကြည့်လေ ကြည့်လေ ချစ်ဖို့ကောင်းလေ ပါပဲ ။

" အပြုံး ကလေး "

" ဟမ် ဦး "
အပြုံး ဆက်ခနဲ ထ ထိုင်မိလိုက်၏ ။

ကလေးက ဆက်ခနဲ ထလိုက်သောကြောင့် ဇော်ရိန်ဆိုင်း စိုးရိမ်မိသွား၏ ။

" ကလေး ဖြေးဖြေးထပါကွာ ။ ကလေးခေါင်းတွေမူးလိမ့်မယ် "

" ဟုတ် ဦးက ချစ်ဖို့ကောင်းလိုက်တာကွာ ဆုချရမယ်... မွ "
အပြုံးသည် ဇော်ရိန်ဆိုင်း ၏ ပါးပြင်သို့ နမ်းလိုက် ၏ ။
အပြုံးကတော့ ဘာမှ မဖြစ်ပေမယ့် ဇော်ရိန်ဆိုင်ရင်ဘတ်ထဲတွင်တော့ ဆင်ရိုင်းကြီး ဝင်သောင်းကျန်းသွားသလိုခံစားလိုက်ရ၏ ။
ဇော်ရိန်ဆိုင်းသည် အပြုံးရဲ့အနမ်းတွေကိုခံနိုင်ရည်မရှိသေးပေ ။
-----------------------------------------
ဇော်ရိန်ဆိုင်း သည် အပြုံးနှင့်အတူ အလုပ်ထဲသို့ဝင်လာသောအခါ အားလုံးရဲ့အကြည့်တွေက အံ သြနေသယောင် ။
ဇော်ရိန်ဆိုင်း ကတော့ အပြုံးရဲ့လက်ကို ဆုပ်ကိုင်ကာ မည်သူ့ကိုမှ ဂရုမစိုက်ပဲ မိမိရဲ့ရုံးခန်းရှိရာသို့ လာခဲ့၏ ။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now