*142* ကျွန်တော်ရှက်တာပေါ့

8.7K 1.6K 102
                                    

ရုန်ယိက ယင်ကျင်းရဲ့လက်တွေကိုလွှတ်ပေးလိုက်ပြီး သူ့လက်တွေကို ထိုသူ့ပုခုံးပေါ်တင်လိုက်ကာ အသံတိုးတိုးလေးနဲ့ ပြောလာသည်။
"ခင်ဗျားသာ ဒီ့ထက်နည်းနည်းလေးနောက်ကျပြီးမှ ရောက်လာရင် ဂိုဏ်းချုပ်ကတော်က ကျွန်တော့်ကို ထပ်ပြီးနှိပ်စက်ဦးမှာ.. ဒါတွေ အကုန်လုံးက ရုတ်တရက်ကြီး ဖြစ်ပျက်သွားတော့ ကျွန်တာ့်မှာ ပြင်ဆင်ချိန်တောင်မရလိုက်ဘူး.. မနာကျင် မထိခိုက်အောင် ရှောင်ရှားရုံဘဲ လုပ်နိုင်တယ်.. အဲ့မိန်းမကြီးက စိတ်သဘောထားသေးသိမ်ပြီး ညစ်ပတ်တယ်.. သူက ကျွန်တော် နာကျင်နေတာကိုကြည့်ပြီး ပျော်နေတာ."

ယင်ကျင်းရဲ့က ရုန်ယိရဲ့ သွေးစွန်းနေတဲ့ ဝတ်စုံကိုကြည့်ကာ မေးလိုက်၏။
"ဒဏ်ရာတွေက ပြင်းထန်လား"

"ခင်ဗျား ဘာပြောတာလဲ"
ရုန်ယိမှာ သူ့ရဲ့အကြားအာရုံကို ပိတ်ထားတာကြောင့် ဘာမှမကြားရပေ။
"ကျွန်တော့် အကြားအာရုံကိုပိတ်ထားတယ်လေ.. ကျွန်တော် ခင်ဗျားပြောတာ မကြားရဘူး"

"......"
ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ယင်ကျင်းရဲ့က ရုန်ယိကို သူ့လက်တွေကြားဆွဲသွင်းလိုက်ကာ သူ့ဘောင်းဘီကို ဆွဲချွတ်ဖို့ လုပ်လိုက်သည်။

ရုန်ယိက သူ့ဘောင်းဘီကို အမြန်ပြန်ဆွဲထားပြီး
"ကလေးတွေအဖေ ခင်ဗျား ဘာလုပ်တာလဲ"

"ကိုယ် မင်းရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်မလို့"
ယင်ကျင်းရဲ့ကတော့ တည်တည်ငြိမ်ငြိမ်ဘဲ ဖြစ်၏။

"ဒီသားရဲတွေအကုန်လုံးရှေ့မှာ ကျွန်တော့်ဘောင်းဘီကိုချွတ်မလို့လား.. ကျွန်တော်ရှက်တာပေါ့..."

ယင်ကျင်းရဲ့က ကြွက်မည်းတွေ ရေမြွေတွေဆီကို အေးစက်စက်အကြည့်တစ်ချက်နဲ့ ကြည့်လိုက်၏။

သူတို့တွေက ချက်ချင်းဘဲ သူတို့ဘက်ကို ကျောပေးလိုက်ကြတော့သည်။

ယင်ကျင်းရဲ့က ရုန်ယိရဲ့ဘောင်းဘီကို ဆွဲချွတ်ချလိုက်၏။ ထိုအခါ သူ့ရဲ့ ဖြူဖွေးချောမွေ့နေတဲ့ တင်ပါးတွေက သူ့ရှေ့မှာ ချက်ချင်းဘဲ ပေါ်လာတော့သည်။ ဒါပေမယ့်လည်း ထိုနေရာမှာ ဒဏ်ရာမပြောနဲ့ ခြစ်ရာလေးတစ်ခုတောင်မှရှိမနေပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်မိပြီး ရုန်ယိကိုယ်ပေါ်က သွေးတွေက သူ့ကို တစ်ကယ်ကြောက်လန့်စေခဲ့တယ်ဆိုတာတော့ ဝန်ခံရမည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now