Arc 2-2

129 16 0
                                    

Arc 2-2 #Unicode

ချန်းစကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမဟာ
ခေါင်မိုးထပ်ကနေဆင်းကာ အတန်းဘက်သို့ဦးတည်
သွားလိုက်တယ်။ သူတွေးမိတာ ဒီလိုအဓိပ္ပါယ်မရှိတဲ့
ဇာတ်ကို ဘာကြောင့်များဖန်တီးရှင်က
ကြိုက်နှစ်သက်နေရတာလဲ။
ကြိုက်နှစ်သက်တာအရေးမကြီးဘူး ဒီလိုမျိုး
အဓိပ္ပါယ်မရှိတဲ့မစ်ရှင်တွေကို ချမပေးသင့်ဘူးလေတွေးတောနေရင်း လျှောက်လာခဲ့ကာ နောက်ဆုံးတော့အခန်းရှိရာကိုေရာက်လာခဲ့တယ်
ခုံတွင်၀င်ထိုင်လိုက်ပြီး ခုံပေါ်မှောက်အိပ်မယ်အလုပ်
သူ့နားကိုရောက်လာတဲ့လူတစ်စုကြောင့်
ဘာလဲဆိုတဲ့ပုံစံနဲ့ကြည့်ပေးလိုက်သည်။

'- ယွန်းမီ နင်တကယ်အရှက်မဲ့တဲ့မိန်းမပဲ
ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကို စနိုက်ကျော်ရုံတင်မက တခြားသူတွေနဲ့ပါလုပ်ကြံပြောဆိုတယ်ပေါ့
သူက နင့်မှာပိုက်ဆံမရှိလို့ အမြဲတမ်းထောက်ပံ့
ပေးနေတဲ့ မျက်နှာကိုမှမထောက် နင်မို့လို့လုပ်ရက်တယ်

- အေးလေ သိက္ခာမရှိတဲ့မိန်းမမျိုးဆိုတာ ဒီလိုလူမျိုးကိုပြောတာ '

| ဘာတုန်းဟ ငါအခုမှထိုင်ရုံလေးရှိသေး
လာပြန်ပြီ ဒိီစနိုက်ကျော်တဲ့ဟာ ပြောပါဦး ချန်း ရ |

[ မူလပိုင်ရှင်က စိတ်ရှုပ်သိပ်မခံဘူးလေ
အာ့ကြောင့် သူ့သူငယ်ချင်းပေးတာကို ဘားမှမပြောပဲလက်ခံနေတာ သူ့သူငယ်ချင်း သူ့ကိုပေးတာထက်
တကယ်က သူပေးကမ်းခဲ့တာကပိုများတယ်
စျေကြီးတဲ့အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ အဆောင်စားရိတ်တွေကအစ သူပေးခဲ့တာ
အဲ့တာကို ဟိုတစ်ယောက်ကသူပေးသလိုပုံစံဖမ်းနေတာ
ပြီးတော့ စနိုက်ကတယ်ဆိုတာကလဲ အရင်ခန္ဓာက
သူတစ်ဖက်သတ်ကြိုက်ရတဲ့ကောင်လေးရှိတယ်
အဲ့ကောင်လေးက မြတ်မင်းပိုင် တဲ့
သူက ဒုဇာတ်လိုက်ရဲ့ သူငယ်ချင်း
သူကအဲ့ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေမှန်း သူငယ်ချင်းဆိုသူကသိတယ် အဲ့တာကြားထဲကနေ၀င်ပြီး အရင်ခန္ဒာပိုင်ရှင်က အကျင့်မကောင်းဘူးဆိုပြီး
လျှောက်ပြောထားတာ မြတ်မင်းပိုင်ဆိုတဲ့သူကျ
ဒီကိစ္စတွေကိုသိပေမယ့် သူနဲ့မဆိုင်တဲ့အတွက်
စိတ်မ၀င်စားဘူး ရှင်းရှင်းပြောရရင် သူငယ်ချင်းဆိုတဲ့သူနဲ့  မြတ်မင်းပိုင်နဲ့က ရည်းစားမဖြစ်သေးဘူး
ဒီခန္ဓာပိုင်ရှင်ရဲ့ သူငယ်ချင်းနာမည်က ဆုမြတ်နိုင် တဲ့ ]

MESS_UP SYSTEM (အဓိပ္ပါယ်မရှိရှုပ်ထွေးေသာစစ်စတမ်) Where stories live. Discover now