Arc 1-2

323 32 0
                                    

Unicode

// ယုချန် ကို သွင်မီလို့ပဲသုံးပါတော့မယ် //

ချန်း ရဲ့ စကားဆုံးသံကြားတာနဲ့ သူမဟာရေချိုးခန်းထဲသို့
ဝင်သွားခဲ့တယ်
ရေချိုးခန်းမှန်ကိုကြည့်မိတော့ အနည်းငယ်လန့်သွားခဲ့တယ်၊ မလန့်လို့လည်းမရဘူး ဒီခန္ဓာပိုင်ရှင်က ဖြူဖြူနုနုလေးပင်
အရပ် ၅ပေကျော်လောက်ပဲရှိကာ မျက်နှာကချစ်စဖွယ်အတိ၊ ထူးဆန်းတဲ့တစ်ခုက ဘယ်ဘက်မျက်၀န်းထောင့်နားမှာ သူနဲ့တူတဲ့ မှဲ့နီအသေးလေး တစ်ခုရှိနေတာပင်

(A/N Host ၀င်လာလို့ မှဲ့နီကပါလာတာပါ)

သူမ ပြင်ဆင်ပြီးအခန်းထဲကထွက်လာခဲ့တယ်
ဧည့်ခန်းထဲအရောက် လူတစ်ချို့ထိုင်နေကြတယ်
ချန်း ရဲ့ပြောပြချက်အရ သူမနဲ့ စေ့စပ်ပေးမယ့်သူတဲ့၊
သူမအဖွားလို့ထင်ရတဲ့သူက သူ့အားလှမ်းခေါ်ခဲ့တယ်

' မြေးလေး လာထိုင်ပါဦး၊ အဖွားသူငယ်ချင်းမြေးနဲ့မိတ်ဆက်ပေးမလို့ '

သူမ ခေါင်းငြိမ့်ပြပြီး အဖွား၏ဘေးတွင်၀င်ထိုင်လိုက်သည်။နောက်1မိထွေးနဲ့ အစ်မဆိုသူကိုကြည့်လိုက်တော့
သူ့အားသေစေချင်တဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။
ရှေ့မှာတော့ သူနဲ့စေ့စပ်ပေးမယ့်သူနဲ့ သူ၏မိသားစု
ဖြစ်ပုံရတယ်။

'ကဲ မိတ်ဆက်ပေးရဦးမယ် ဒါကအဖွားရဲ့မြေး
နာမည်ကသွင်မီ တဲ့
မြေးလေး ၊ သူကမြေးနဲ့စေ့စပ်ပေးမယ့်သူ
နာမည်က ထက်ကောင်းပြည့် တဲ့ '

" နေပါဦးအမေရယ်၊ သွင်မီက ငယ်ပါသေးတယ်၊
အတင်းမစီစဉ်ပါနဲ့လား၊ သူ့ကိုလည်းမေးကြည့်ပါဦး
စေ့စပ်ချင်ရဲ့လားဆိုတာ"

'ဟုတ်သားပဲ အဖွားကလည်း
သွင်မီလေးက ငယ်သေးတာကို'

ပြောဖို့ပြင်နေတုန်း သူ့ရဲ့ မိထွေးနဲ့ အစ်မက ဂရုနာရှင်သဖွယ်ကြားဖြတ်ကာ သူ့ဘက်ကလိုက်ပြောပေးခဲ့တယ်၊ တကယ်တော့ ချန်းပြောပြထားလို့ သူမအစ်မနဲ့ ထက်ကောင်းပြည့်က ချစ်သူတွေဆိုတာသိနှင့်ပြီးသား၊ မဟုတ်လည်းငြင်းရမှာပဲကို အဲ့ဒီတော့ ငါကနင်တို့နဲ့ ဇာတ်လိုက်ကပေးရတာပေါ့

ချန်း တစ်ယောက် သူ့ Host ရဲ့စကားကိုကြားပြီး
ပြောလိုက်တာက *ငါလူရွေးမမှားလောက်ဘူးလို့ထင်တာပဲ*

MESS_UP SYSTEM (အဓိပ္ပါယ်မရှိရှုပ်ထွေးေသာစစ်စတမ်) Where stories live. Discover now