Meet the System

2K 57 2
                                    

Unicode

ဖြူဖွေးနေသောတိမ်ဆိုင်တွေ ဝန်းရံထားသောနေရာတစ်ခု
တွင်လဲလျောင်းနေသော ကောင်မလေးတစ်ယောက်
သူမဟာ အချိန်အတော်ကြာအိပ်စက်ပြီးတော့နိုးလာခဲ့တယ်။ မသဲကွဲတဲ့ပုံရိပ် နဲ့ အဖြူရောင်တိမ်ဆိုင်တွေပဲမြင်နေရတာမလို့
သူမဘယ်ရောက်နေလဲဆိုတာ တစ်ယောက်တည်း
တီးတိုးရွတ်ဆိုနေတယ်။

[မင်္ဂလာပါ Host ,  Cupid System မှကြိုဆိုပါတယ်။]
(A/N >> တကယ် System နာမည်က MESS_UP SYSTEM ပါ Cupid System ဆိုတာက ၊host တမင် လိမ်ထားတဲ့သဘောမျိုးပါ )

ရုပ်မမြင်ပဲအသံကြားနေတာမို့ သူမအနည်းငယ်လန့်သွားသော်လည်း တည်ငြိမ်စွာပြန်မေးခဲ့တယ်။

' မင်းက ဘယ်သူလဲ , System ကဘာကြီးလဲ , ပြီးတော့ငါကဘာလို့ဒီကိုရောက်နေရတာလဲ '

[System နဲ့တွေ့ဆုံရတဲ့အကြောင်းအရင်းက နှစ်ချက်ရှိပါတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒရှိတဲ့သူတွေကအသက်ရှင်ဖို့တောင်းဆိုတဲ့အခါ၊ သေဆုံးချိန်မတန်သေးပဲ သေဆုံးခဲ့တဲ့အခါ System နဲ့ချိတ်ဆက်မိပြီးကိုယ်တိုင်တောင်မသိပဲ ရောက်လာတာပါ။

System ဆိုတာက ဖန်တီးရှင်ပြုလုပ်ထားတဲ့ မြောက်များစွာသောကမ္ဘာတွေကိုသွားပြီး တာဝန်ထမ်းဆောင်ရတဲ့ဂိမ်းတစ်ခုပါ။

အခု Host ကသေဆုံးချိန်မတန်သေးတာရယ်၊ Host အကို ကိုကယ်တင်ချင်တဲ့ပြင်းပြတဲ့ဆန္ဒကြောင့်
System နဲ့ချိတ်ဆက်မိသွားတာပါ။
Host အနေနဲ့က ဖန်တီးထားတဲ့ကမ္ဘာတွေမှာ
ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ရမှာပါ။
ပေးထားတဲ့တာဝန်တွေထမ်းဆောင်ပြီးရင် point တွေ
ရမှာပါ။ ပြီးတော့ကမ္ဘာတစ်ခုပြီးတိုင်း Host အကိုရဲ့ဝိဉာဉ် အပိုင်းအစတွေကိုရရှိမှာပါ။ တာဝန်ထမ်းဆောင်ပြီးသွားရင် ပြန်နိုးထဖို့အခွင့်အရေးရယ်၊ လိုချင်တာတစ်ခုကိုတောင်းဆိုခွင့်ရှိပါတယ်။ ]

' အခုငါကသေပြီလား '

[Host ကမသေသေးပါဘူး၊ ကိုမာဖြစ်နေရုံပါ။ တာဝန်ထမ်းဆောင်ချိန် Host ရဲ့မူလခန္ဓာကိုယ်ရှိနေတဲ့ကမ္ဘာကရပ်တန့်နေမှာပါ။]

' ဟုတ်ပြီ၊ ကမ္ဘာတစ်ခုစီသွားပြီးတာဝန်ထမ်းဆောင်ရမယ်လို့ပြောခဲ့တယ်မလား၊
အဲ့ဒီတော့ ငါကဘယ်နှစ်ကမ္ဘာလောက်သွားရမှာလဲ၊
Point တွေကရော ဘယ်လိုသုံးရတာလဲ '

MESS_UP SYSTEM (အဓိပ္ပါယ်မရှိရှုပ်ထွေးေသာစစ်စတမ်) Where stories live. Discover now