🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
🍒part 10 🍒
__________________________နောက်တစ်နေ့ ဦးအစောကြီး ကုမ္ပဏီကိုထွက်သွား၏ ။
ယခု အိမ်ကြီး၌ အပြုံးတစ်ယောက်တည်းကျန်ခဲ့၏ ။
ကြီးရွှေကတော့ နယ်ပြန်သွား၏ ။" ပျင်းလိုက်တာကွာ "
အပြုံးအပြင်ထွက်ဖို့ရန်အတွက်အတွေးဝင်လာ၏ ။
အပြင် ဆို၍ မထွက်ဖူးပေမယ့်အိမ်အကူလေးတွေက လမ်းထိပ်မှာ ဝက်သားဒတ်ထိုးဆိုင်ရှိသည်ဟု ပြောဖူးသည် ။အပြုံးသည် ရှေးရှေးဝေးဝေးစဥ်းစားမနေတော့ပဲ အပြင်ထွက်ဖို့ရန်အတွက် မိမိ၏ အိတ်ထဲတွင်ပါလာသော ပိုက်ဆံလေးကိုယူကာ ထွက်လာခဲ့လိုက်တော့၏ ။
ဦးကတော့ ပြန်မလာလောက်သေးပါဘူးလေ ။
အပြုံးသည် ခြံတံခါးလေးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးအပြင်သို့ရောက်သည် နှင့်တနက်းပြေးတော့သည် ။
အပြုံးသည် ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ဝကတ်သားဒတ်ထိုးဆိုင်ကိုရှာပါတော့သည် ။
ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးသောအခါ တွေ့ပါပြီ ။
အပြုံးရှာနေသော ဆိုင် ။သို့ပေမယ့် အဲ့ဒါက ကားလမ်းရဲ့ဟိုးဖက်ခြမ်းမှာ ။
အပြုံး ကားလမ်းမကူးတတ်ပေ ။" ဟာ ကားလမ်းကြီး မကူးတတ်ဘူး လို့ "
အပြုံးသည် လှည့်ပြန်မည်အလုပ် မြင်လိုက်ရသည့် တစ်စုံတစ်ယောက် ။
သွေးတွေ ကလည်း အင်္ကျီတစ်ခုလုံးပေပွနေ၏ ။
ညနေကလည်း မှောင်လာပြီ ။ပြီးတော့ ထိုလူ့နောက်မှလည်း လူတစ်ချို့ကလည်းတုတ်တွေ ဖြင့်ပါလာ၏ ။
အပြုံးသည် ခြုံအကွယ် နားကနေ ထိုဒဏ်ရာ ရနေသောလူကို ဆွဲသွင်းလိုက်၏ ။
နောက်မှ လိုက်ပါလာသည့်လူတွေကတော့ အလှမ်းဝေး၍ မမြင်လိုက်ပေ ။အပြုံးသည် ခြုံအကွယ်နားတွင် ထိုလူရဲ့ပါးစပ်ကို လက်ညိုးလေးဖြင့် ပိတ်လိုက်ပြီး
" ရှူး... "
ဒဏ်ရာရနေသည့်လူကို အပြုံးသေချာကြည့်နေမိ၏ ။ မြင်ဖူးသည် ။
မှတ်မိပြီ ။ မနေ့က ဦးနဲ့စကားပြောသည့် ဦးသျှားထက်စံ ဆိုသူ ။
သွေးတွေနှင့် ဘာဖြစ်လာသည်မသိ ။ ကြည့်ရသည်မှာ ဦးရဲ့မိတ်ဆွေ ဖြစ် ၍ အပြုံးရဲ့မိတ်ဆွေ ဆိုလည်းမ မှားပေ ။