*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့

8.4K 1.6K 113
                                    

တစ္ဆေကျင့်ကြံသူတစ်ယောက်က ကျင်းယွဲ့ယောင်ရဲ့ ပါးကိုဆွဲဖြစ်ကာ သေတ္တာထဲကအရာတွေကို သူမပါးစပ်ထဲကို လောင်းထည့်လိုက်၏။

"အား...."
ကျင်းယွဲ့ယောင်က အထိတ်တလန့်နဲ့ ရုန်းကန်နေပေမဲ့ သူမပိုပြီးခုခံလေ ဒီသေးငယ်တဲ့ တီကောင်တွေက သူမရဲ့ပါးစပ်ထဲကို ဝင်ဖို့ ပိုပြီးလွယ်ကူလေဘဲ ဖြစ်လေသည်။

တီကောင်တွေက သူမရဲ့ ပါးစပ်တွေနှာခေါင်းတွေကို ထိလိုက်တာနဲ့ ချက်ချင်းဘဲ သူမရဲ့ လည်ချောင်းထဲကို တိုးဝင်သွားကာ.အစာအိမ်ထဲကို လျှောဝင်သွားကြတော့သည်။

ယင်ကျင်းရဲ့က ရုန်ယိကို ဒီဘက်လှည့်ကာ ထိုသုံးယောက်နဲ့ မျက်နှာချင်းဆိုင်ပေးလိုက်သည်။

ရုန်ယိမှာ စိတ်ရှုပ်နေပြီး တစ်ခဏလောက်ကြာတော့မှသာ သူတို့ တီကောင်တွေ အကျွေးခံနေရမှန်း သတိပြုမိတော့သည်။

သူရယ်မောလိုက်ပြိး
"ဝဋ်ဆိုတာ လည်တတ်တယ်.. အခု မင်းတို့ တီကောင်တွေ ပြန်အကျွေးခံရမဲ့အလှည့်ဘဲ.."

ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကတော့ သူ့လောက်ကံမကောင်းကြ.. သူက အဆုံးမှာတော့ ဘာမှမစားခဲ့ရပေ။

ရှောင်ရှင်းကျန့်က ဒေါသတကြီးနဲ့
"ရုန်ယိ.. ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့"

"နင့်မှာ အဲ့စကားပြောဖို့ အခွင့်အရေးမရှိဘူး!"
ရန်ချိုးရွှမ်က သူ့မျက်နှာကို သူမရဲ့ကြာပွတ်နဲ့ ဖြတ်ရိုက်လိုက်တာကြောင့် ရှောင်ရှင်းကျန့်ရဲ့ ချောမောတဲ့မျက်နှာပေါ်မှာ သွေးစို့ရာတစ်ခုဖြစ်ပေါ်လာတော့သည်။

ရွံစရာတီကောင်တွေကို ကျင်းယွဲ့ယောင်ရဲ့ ပါးစပ်ထဲ ထိုးထည့်ပြီး အကျွေးခံနေရတာမြင်တဲ့အခါ စုစီမှာ ကြောက်ရွံ့မှာကြောင့် တုန်ရီလာတော့လေသည်။

ကျင်းယွဲ့ယောင်ကို အကောင် သုံးဆယ်ကျော်လေးဆယ်လောက် ကျွေးပြီးမှသာ တစ္ဆေကျင့်ကြံသူက လွှတ်ပေးလိုက်သည်။

ထိုအခါ.သူမမှာ မြေပြင်ပေါ်လဲကျသွားကာ.အော့အန်နေတော့၏။ သူမရဲ့ပါးစပ်ထဲမှာ ရွံစရာ အနံ့တွေပြည့်နှက်နေပေမဲ့ ဘာမှအန်ထုတ်လို့မရပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now