you love me?

8.2K 257 62
                                        

ဒါလေးက မွေးနေ့လက်ဆောင်ပါနော်

ချစ်စရာကောင်းတဲ့ဖြိုးလေးရေ ဒီနေ့မှစနောက်နှစ်ပေါင်းများစွာတိုင်အောင်ချစ်ရတဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်အတူဖြတ်သန်းနိုင်ပြီး ရည်မှန်းချက်တွေလည်းအမြန်ပြည့်ဝပါစေ oppaတို့ကိုလည်းအမြန်ဆုံးသွားတွေ့နိုင်ပါစေနော်

အများကြီးဆုတောင်းမပေးတတ်ဘူး ပြီးတော့ဒီstoryလေးကလည်းလိုအပ်ချက်တွေအများကြီးရှိလို့ ဖြိုးစိတ်တိုင်းမကျရင်ပြာယာတကယ်ကိုအားနာမိပါတယ်

23.3.2022 🎂🎂

🎂 Happy Birthday Phyo love u🎂

><><><><><><♥><><><><><><

company ကြီးတစ်ခုရှေ့

"မင်း ကိုယ့်ကိုဘယ်ချိန်ထိနှောက်ယှက်နေမှာလဲ"

"ဦးချစ်လာတဲ့အထိ"

"ကိုယ်မင်းကိုမချစ်ဘူးလို့​ပြောထားပြီးပြီမလား!"

"ရတယ် ဦးချစ်လာတဲ့အထိစောင့်မှာ"

"မင်း!!! ကိုယ်ကို့နှောက်ယှက်နေတာရပ်တော့ ပြီးတော့မင်းအရွယ်ကဒီလိုအရာမရတဲ့အရာတွေလိုက်လုပ်ရမယ့်အရွယ်မဟုတ်ဘူး"

"အဲဒီအရွယ်မဟုတ်ပေမယ့် ဦးကိုချစ်တာကအရာမရတဲ့အရာမဟုတ်ဘူး ကျနော်ကိုပြန်ချစ်မယ်မလား"

စကားအဆုံး ဒူးထောက်ထိုင်ချလိုက်တဲ့ အရှုပ်ထုတ်လေး ဘေးလူတွေလည်းဝိုင်းကြည့်နေတာကြောင့် သူ့ရဲ့ဂုဏ်သိက္ခာကိုစော်ကားရာရောက်သလို သူပြောတဲ့စကားတွေကိုနားမထောင်ပဲမထီမဲ့မြင့်ပြုသလိုလုပ်တာကြောင့် ဒေါသတွေထွက်လာရသည်

"မင်း ဒီမှာငါကgayမဟုတ်ဘူးလို့မင်းကိုဘယ်နှခါပြောရမှာလဲ မင်းဒီလိုလာလုပ်နေလို့လည်းငါ့ရဲ့အချစ်တွေမင်းရမှာမဟုတ်ဘူး မင်းကငါ့အတွက်အမှိုက်သာသာအရှုပ်ထုတ်ကောင်တစ်ကောင်ပဲ့ ငါ့အမြင်မှာမင်းက မိဘလုပ်စာကိုသုံးဖြုန်းနေတဲ့ သုံးစားမရတဲ့ လူပိုတစ်ယောက်ပဲ့"

"ဦး"

အရည်ကြည်လေးတွေရစ်ဝိုင်းကာမော့ကြည့်လာတဲ့ချာတိတ် မကြိုက်ဘူး သူတစ်ခုခုဖြစ်ရင်အငြိမ်မနေ သွားဂရုစိုက်ပေးချင်တဲ့ လက်တွေစိတ်တွေကို ဒီလိုပုံစံကသူ့ပုံစံမဟု​ဘူး ချာတိတ်ကိုဒီလိုပုံစံမြင်ရတာက သူစိတ်ထဲစနိုးစနောက် ဒီချာတိတ်ကသိပ်ပြီးလူကိုစိတ်ရှုပ်အောင်လုပ်တတ်တာပဲ့ အတွေးနဲ့အတူနောက်ကျိလာတဲ့စိတ်ကြောင့် ဒေါသဖြစ်လာရသလို ဘာကိုဘာဖြစ်ရမှန်းမသိ နောက်ဆုံးလွဲချမိတာကတော့ စိတ်ရှုပ်စရာကောင်းလွန်းလှတဲ့ချာတိတ်ဆီ

Taekook warning book🚨🚨🚨Where stories live. Discover now