အဟမ်းမေ့နေမှာဆိုးလို့
_______________________________________
အချိန်အားဖြင့် ည၉နာရီခန့် အဟမ်း🌚🌚
"ဒါလင်လွှတ်လို့ အချစ်ကစားချင်သေးတယ် လွှတ်ပါဆို yarr..."
"ဒီနေ့တော့တော်ပြီကွာ ကိုယ်လည်းမကစားနိုင်တော့ဘူး"
"အဲဒါဆို ဒါလင်မကစားနဲ့လေ အချစ်ပဲ့ကစားမယ်နော် တကယ်လို့ဒါလင်စိတ်မချရင် အချစ်မြန်မြန်ဆော့ပြီးလာအိပ်မယ်လေနော်"
"မရဘူး ကိုယ်နဲ့ပဲ့တူတူအိပ်ရမယ်"
"ဒါလင်ကလည်းလုပ်ပါနော်တစ်ပွဲလောက်နော် သူငယ်ချင်းတွေနဲ့ချိန်းထားလို့"
"မရဘူး တူတူလာအိပ်ရမယ်"
"သဘောဟေ့ သဘော"
"အချစ် စိတ်ကောက်သွားတာလား"
ဂိမ်းမဆော့ရလို့အရှေ့ကကော့တော့ကော့တော့နဲ့ထွက်သွားတဲ့အချစ်ကြောင့် သူ့မှာအသဲတယားယား လူကဒီလောက်သေးကွေးပြီးပိစိလေးဖြစ်နေတာ အစားသောက်လည်းအချိန်မမှန် အိပ်ချိန်လည်းမမှန်နဲ့ အချစ်မှမသေးရင်ဘယ်သူသေးမှာတုန်း ဒါပေမယ့် အချစ်တစ်ကိုယ်လုံးမှာ ကြီတဲ့နေရာတစ်ခုရယ် ကျဥ်းတဲ့နေရာရယ် နှစ်နေရာရှိတယ် ကြီးတဲ့နေရာကမက်မွန်သီးနှစ်ခု ကျဥ်းတဲ့နေရာကခါး ကောက်ကြောင်းလေးကလည်းမိန်းကလေးတွေထက်ပင်ပိုလှတော့သည်
အခုလည်းခါယမ်းနေတဲ့မက်မွန်းသီးတွေကိုကြည့်ရင်း တံတွေးခနခနမြိုချနေရသည် ဒါကိုတော့အရှေ့ကကောက်စိန်လေးကသိမှာမဟုတ် အခုလည်းသူ့ကိုမစောင့်ပဲ့အခန်းထဲဝင်သွားပြန်ပြီ
ကောက်စိန်လေးနောက်ကိုလိုက်ကာမြန်ဆန်တဲ့ခြေလှမ်းတွေဖြင့်တံခါးဘုကိုဆွဲလှည့်လိုက်တော့ ကောက်စိန်က သူ့ကိုနောက်ကျောပေးပြီး အိပ်နေလေပြီ
"အချစ် စိတ်ကောက်သွားတာလား"
"........"
"ကိုယ်ကအချစ်အတွက်စိတ်ပူလို့ပြောတာပါ"
"မသိရင်ခက်မယ် လူကိုစားတဲ့အချိန်ရောက်နေလို့မလား ဒီနေ့မကျွေးဘူး ညစာအငတ်ထားမယ်"
"အဲဒါတော့အဲဒါပေါ့ ဒါပေမယ့်အချစ်ကိုစိတ်ပူလို့ ဒီညအချစ်ကိုမစားတော့ဘူး အချစ်လည်းကိုယ်မသိပဲ့ဂိမ်းခိုးမဆော့ရဘူးနော်"
