🐰bunny Kookie🐰

11.2K 272 30
                                        


ဒါလေးကအမြန်ရေးထားတာမလို့ အမှားပါကောင်းပါနိုင်ပါတယ် ပြီးတော့ဒီလိုplotတွေကအများကြီးရှိတာမလို့ copyယူတယ်လို့တော့မပြောစေချင်ပါ

________________________________________

"Cheer!!!"

"အဖွဲ့မှူးကင်မ် ရာထူးတိုးလို့ဂုဏ်ပြုပါတယ်"

"ဂုဏ်ပြုပါတယ်"

"ကျေးဇူးတင်ပါတယ် ဒီနေ့ဝိုင်းကို ကျနော်ကပဲ့ ဒကာခံပါ့မယ်"

"အားလုံးစိတ်ကြိုက်သောက်ကျ"

ထယ်ယောင်းဒီနေ့ကုမ္ပဏီက ရာထူးတိုးပွဲမှာ အဖွဲ့မှူးရာထူးရသွားတဲ့ အထိမ်းမှတ်နဲ့တစ်ညတာ ဒကာခံခြင်း

ထိုစဥ်မျက်စိထဲဝင်လာတဲ့ ကောင်တာပေါ်က ယုန်ရုပ်လေး အရမ်းကိုဖမ်းစားနိုင်လွန်းတဲ့ ယုန်ရုပ်လေးကိုကြည့်လိုက်တော့ သူ့ကိုလာယူပါ လာယူပါဟု ခေါ်နေသလိုမျက်လုံးတွေကတလက်လက် colaနဲ့ကော့တေးပါးပါးလေးစပ်ထားတဲ့ခွက်ကိုတစ်ကျိုက်တည်းအပြီးဆွဲမော့ကာ ထိုဖမ်းစားလွန်းတဲ့အရုပ်လေးဆီ

"အဖွဲ့မှူးဘယ်သွားမလိူ့လဲ"

"ဟိုကယုန်အရုပ်လေးကိုသွားကြည့်မလို့"

"အဖွဲ့မှူးကြည့်ချင်ရင်ကြည့်လို့တော့ရတယ် ဒါပေမယ့်သွားမထိနဲ့ ပြဿနာတွေတောက်လျောက်တက်လိမ့်မယ်"

"မင်းကလည်း သွားစမ်းပါ"

"အဲဒါကဘယ်သူမှယူလို့မရဘူးတဲ့ အဲဒီအရုပ်ကသူ့ဘာသာနေရာရွေ့နေတာတဲ့"

"ယုံတမ်းတွေပါကွာ ငါယူလာပြမယ်"

အရက်လေးနည်းနည်းဝင်ထားတဲ့ထယ်ယောင်းက ဘယ်သူပြောပြောဂရုမစိုက် သူ့ကိုဖမ်းစားထားတဲ့ယုန်ရုပ်​လေးဆီကိုသာ

"မင်းကဘယ်သူမှကိုင်လို့မရတဲ့ယုန်ရုပ်​လေးဆိုပါလား"

"ငါနဲ့လိုက်ခဲ့ငါ့အိမ်ကိုငါနဲ့အတူတူအိပ်ရအောင်ကြားလား ပြီးရင်မင်းကိုငါကိုက်စားပြမယ်"

ထယ်ယောင်းကမူးမူးနှင့်စကားတွေကိုပြီးပြီးရောပြောခဲ့ပေမဲ့လည်း သက်ရှိယုန်ရုပ်လေးကတော့ သခင်ကိုတွေ့သည့်နှယ်ပြုံးရွှင်လျက်မှတ်သားထားတော့သည်

Taekook warning book🚨🚨🚨Where stories live. Discover now