Hello.......
____________________________________
"ကျုပ် ခများကို မုန်းတယ် ကင်မ်ထယ်ယောင်း"
လူခြေတိတ်လှတဲ့ ဟန်မြစ်ရဲ့အပေါ်ကိုထိုးထားတဲ့ တံတားရဲ့ဘေးတစ်နေရာမှ ထွက်ပေါ်လာတဲ့ မတိုးမကျယ်အသံက တိတ်ဆိတ်လှတဲ့ ညထဲတွင်တော့ ကျယ်ကျယ်ပြန့်ပြန့်နားစည်ထဲဝင်ရောက်လာလေသည်
တံတားပေါ်မှာ Yamaha motor Australia R6ကြီးက ထိုးရပ်ထားတာဖြစ်သလို ခပ်လှမ်းလှမ်းမှာတော့ Mercedes-Benz AMG C63ကားတစ်စီးကအရံအသင့်
"ကိုယ့်ကိုကြည့်ပြီးပြောစမ်း!"
ငုံ့ထားတဲ့ခေါင်းလေးကတဖြည်းဖြည်းမော့လာကာ ခက်ထန်နေတဲ့ မျက်နှာလေးက သူ့မျက်လုံးကိုတော့မကြည့်....
"ခများကိုမုန်းတယ်!"
"ကိုယ့်မျက်လုံးကိုတည့်တည့်ကြည့်ပြီးပြောလိုက်စမ်း ဂျွန်ဂျောင်ကု!!"
ရစ်ဝိုင်းနေတဲ့ ငွေ့ရည်တစ်ချို့ကမျက်လုံးရှေ့ကရုတ်ခြည်းဖြတ်လျှောက်သွားခဲ့တယ် တစ်စက္ကန့်လေးပါပဲ့ ဂျောင်ကုမျက်နှာအမြဲကြည့်တတ်တဲ့ ထယ်ယောင်းအဖို့က ဒါကသိပ်ကိုဖမ်းရလွယ်တဲ့ကိစ္စ.....
"ကျုပ် ခများကိုမုန်းတယ် ထပ်ပြီး မပတ်သက်နဲ့တော့"
"ကိုယ့်ကိုမလိမ်နဲ့လို့ပြောနေတယ်လေ!!!"
ပခုံးနှစ်ဖက်ဆုပ်ကိုင်ကာ အော်ပြောလိုက်တော့ တုန်သွားတဲ့ခန္ဓာကိုယ်လေး ဂရုမစိုက်အားပါ အခုချိန်မှာ ဒီကောင်လေးက သူ့အနားကထွက်သွားဖို့ကြိုးစားနေတာ......
"လွှတ်စမ်း ကင်မ်ထယ်ယောင်း ကျုပ်ခများကိုသိပ်မုန်းတာမလို့ ဒီလောက်နဲ့ပဲ့လွှတ်ပေးတော့!"
"ဂျွန်ဂျောင်ကု!!!"
"ကျုပ်ကိုလာအော်မနေနဲ့!! လွှတ်စမ်း ကျုပ်သွားတော့မယ် ကျုပ်တို့ကြားကရေစက်ဒီလောက်ပဲ့"
ကားထဲက ထပ်ထွက်လာတဲ့ ကောင်ဆီကထွက်လာတဲ့စကား...
"ဂျောင်ကုလေး ပြန်ကြတော့မလား!"
"ဘယ်ကိုပြန်မှာလဲ!! ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
"အ့! လွှတ် ကင်မ်ထယ်ယောင်း!!"
