part 1

17.3K 740 59
                                    

"တိုရှည် "

"ဗျာ "

"ဘယ်တုန်းကွ ထမင်းချိုင့်နဲ့"

" သူကြီးအိမ်မှာ မြို့ကဧည့်သည်ရောက်တယ်
ကြားလို့ ဟင်းစားသွားပို့မလို့ ဦးရီး "

"အေအေ ဖြေးဖြေးလျှောက် "

တိုရှည်တစ်ယောက်ရွာလမ်းအတိုင်ဆက်
လျောက်လာခဲ့သည်။မွေးရာပါ ညာဘက်ခြေ
ထောက်ကဘယ်ဘက်ခြေထောက်ထက်
တစ်လက်မလောက်တိုနေတာကြောင့်
တိုရှည်ဟုခေါ်ရင်းက နာမည်ရင်းပျောက်ခဲ့
သည်။ လမ်းလျောက်လျှင်ထော့နဲ့ထော့နဲ့လေးနဲ့မိဘမဲ့လေး တိုရှည်ကို တစ်ရွာလုံးက ဝိုင်း
စောင့်ရှောက်ထားခဲ့ကြပြီး တိုရှည်က အတန်းပညာ ၁၀တန်းအောင်တဲ့ထိ နေခဲ့ဖူးသည်။

တိုရှည် တစ်ယောက်သူကြီးတို့ ဝိုင်းထဲထော့နဲ့
ထော့နဲ့ဖြင့်ဝင်လာချိန် အိမ်ရှေ့တွင်မြို့သားနဲ့ စကား​ပြောနေသည့် သူကြီးက...

" တိုရှည် ဘယ်လာတာတုန်း"

"ဧည့်သည်တွက် ဟင်းစားလာပို့တာ သူကြီး"

"ဘာရတုန်း ကနေ့"

" ရေကြက်ရလို့ ရေကြက်လေးသုတ်နဲ့
ချဉ်ပေါင်သီး ဟင်းရည်လေးပါ"

"အေအေ အနောက်မှာ မင်းအရီးရှိတယ်
ဝင်သွား"

"ဟုတ် "

တိုရှည်လဲ မြို့သားဆိုသူကို တစ်ချက်ကြည့်ပြီး
နောက်အိမ်နောက်ဖေးသို့ ထော့နဲ့နဲ့ဖြင့်ဝင်
သွားလိုက်သည်။

" သူကြီး သူကဘယ်သူလဲ"

"တိုရှည်လား သူကရွာကဝိုင်းစောင့်ရှောက်ထား
တဲ့ကလေးပါ အရမ်းလိမ္မာတယ်"

" အော် "

" တိုရှည်ကသနားဖို့ကောင်းပါတယ် ရုပ်လေးက
အင်မတန်လှသလောက် မွေးရာပါ သူ့ခြေ
ထောက်လေးတစ်ဖက်ကမသိမသာတိုနေတဲ့
အပြင် သူ့အဖေက သူ၁၀နှစ်သားလောက်မှာ
ပိုးထိပြီးဆုံးသွားတယ်လေ သူ့ပါးပါးကလဲ
သူ့အသက် ၁၄နှစ်မှာ အပြင်းဖျားပြီးဆုံးသွားတာ
အဲ့ဒါကြောင့်ဘဲ ရွာကဝိုင်းစောင့်ရှောက်ထားတာ"

သူကြီးစကားကြောင့် မြင့်မြတ်မင်းမောင်နား
မလည်သလိုဖြစ်သွားသည်၊

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now