part 10

6.6K 584 7
                                    

"ဝုန်း!! "

ဧည့်ခန်းထဲကသောင်းကြမ်းနေသည့် မမလေး
ကြောင့်အားလုံးခေါင်းမဖော်ရဲအောင်ငြိမ်နေ
သည်။

" တောက် ဒီသတင်းကဘယ်လိုဖြစ်ရတာလဲ!"

"မမလေး ဟိုဘက်က သူတို့ရဲ့ကိုယ်ပိုင်
အကောင့်ကနေပြီးတော့မမလေးနဲ့သတင်း
ကကောလဟာလသတင်းပါဆိုပြီးကြေငြာထားတာ"

"နတ်မိမယ် ဆိုတဲ့မိန်းမကိုဒီလိုလာမလုပ်နဲ့
ဟက် ငါကမရရင်ဘယ်သူမှမရစေရဘူး
အတွင်းရေးမှူး မြင့်မြတ်မင်းမောင် နားက
ကောင်ရဲ့အကြောင်းကိုအစဆုံးသိချင်တယ်"

"ဟုတ်ကဲ့ပါ မမလေး"

နောက်တစ်မေ့မနက် တက္ကသိုလ်ကျောင်း
ရှေ့တွင်

" ကလေး ကိုယ်မှာတာမမေ့နဲ့နော်"

"အင်းပါ မောင်ကလဲ "

" မိန်းကလေးတွေကိုအကပ်မခံနဲ့နော်"

အိုးက မြင့်မြတ်မင်းမောင်ရဲ့နားနားကပ်ကာ
လေသံလေးဖြင့်...

" သားကမောင့်ကိုဘဲချစ်တာ မွ "

မြင့်ုမတ်မင်းမောင်တစ်ယောက်သူ့ပါးအား
နမ်းကာပြေးသွားသည့်ကလေးကြောင့်ပြုံး
လိုက်သည်။ပြီးနောက် ငြိမ်းမောင်အား မောင်း
ရန်ပြောဖို့ကြည့်ချိန် သွားအဖြီးသားဖြင့်သူ့အား
ပြုံးကြည့်နေသည့်ငြိမ်းမောင်ကြောင့်လန့်သွား
သည်။

" မင်းမျက်နှာကဘာဖြစ်နေတာလဲ"

" ဟဲဟဲ ဘာမှမဖြစ်ပါဘူးBoss မောင်းတော့
မယ်နော်"

"မောင်း"

အတန်းထဲတွင် အိုးတစ်ယောက် ဒေါ်ရူပါထည့်
ပေးလိုက်သည့်အစာပြေမုန့်အားဖောက်စားရင်း
သူငယ်ချင်းအားစောင့်နေသည်။

"အဲ...ငါ့မှာဖုန်းရှိတော့ ဂွေးမဲကိုဖုန်းဆက်လို့
ရတာဘဲ ဟိဟိ"

သူလဲမုန့်ပေနေသည့်လက်ချောင်းတွေကို
စုပ်ကာ ဖုန်းထုတ်ပြီးအလွှတ်ရနေသည့်နံပါတ်
အားဆင်လိုက်သည်။

တူ...တူ....တူ

" မင်းရောက်တာကြာပြီးလား.အိုး"

"ငြိမ်ငြိမ်နေ ငါဖုန်းပြောမလို့"

📱ဟယ်လို ဖြူဖွေးပြောနေပါတယ်📱

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now