Part 7

6.7K 602 13
                                    

နတ်မိမယ်ရဲ့လုပ်ရပ်ကြောင့် မြင့်မြတ်မင်းမောင်
ကမျက်မှောင်ကျုံ့လိုက်သည်။

"ဘာကိစ္စအရေးကြီးလို့လဲ အရေးမကြီးရင်
ပြန် ငါ့နေ့လည်စာစားချိန်ကိုမနှောင့်ယှက်နဲ့"

နတ်မိမယ်က နှာခေါင်းအားတစ်ရှူးဖြင့်အုပ်ကာ
ဆိုဖာတွင်ဝင်ထိုင်လိုက်ပြီးနောက် ငပိပန်းကန်
အားအဝေးသို့တွန်းလိုက်သည်။

"မြင့်မြတ် နင်ဘာတွေစားနေတာလဲ နံလိုက်တာ
လဲလွန်ရော အော့"

(A/N ငပိနံ့မခံနိုင်တဲ့သူကတကယ်ရှိပါတယ်
နော် ကိုယ်တွေကတော့ ငပိဆိုကြိုက်)

" ကျစ် မင်းအပြုမူကိုခုချက်ချင်းပြင်စမ်း သူများ
စားသောက်စရာနားလာပြီး ရွံရှာသလိုလုပ်မ
နေနဲ့ "

"နင်ဘယ်လိုလုပ်ပြီးဒါကြီးကိုစားနိုင်တာလဲ
တော်တော်ဆိုးဝါးတာဘဲ"

အိုး တစ်ယောက်သူ့ငပိကိုစော်ကားနေသည့်
မိန်းမကြောင့်...

"ဘာဆိုးဝါးလို့လဲ ဘယ်နားရွံစရာပါလဲ အဲ့လို
ပြောကြေးဆိုအမပါးစပ်ကပိုရွဲဖို့မကောင်းဘူး
လား နေ့တိုင်းသေပြီးလားတိရိစ္ဆာန်တွေကို
စားနေတာလေ သေပြီးသားဆိုတော့မသာတွေဘဲဒါတောင်မလတ်ဆက်ဘူးနော်မသာတွေ
ကိုရေခဲရိုက်ပြီးစားနေကြတာ တစ်ခါတစ်လေ
အစိမ်းတောင်စားတယ်မလား အမပါးစပ်ကမှသင်္ချိုင်းကုန်းကြီးရွံစရာကြီး "

"နင်...နင်ဘာတွေပြောနေတာလဲ ပါးစပ်က
အဆင့်တန်းမရှိဘူး အော့ ရွံစရာတွေပြော
နေတယ် မြင့်မြတ်သူကဘယ်သူလဲ
ဘာလို့နင့်နားရှိနေတာလဲ"

" ဒါနင်သိစရာမလိုပါဘူး ငြိမ်းမောင်သူ့ကို
ပြန်ဖို့လမ်းပြပေးလိုက် ပို့ပြီးရင်မင်းကပြန်လာခဲ့
ထမင်းစားမယ် သွားတော့"

"ဟုတ်ကဲ့ Boss.... မနတ်မိမယ် ဒီဘက်ကို
ကြွပါ "

"တောက်!"

နတ်မိမယ်လဲဒေါင်ဖိကိုစောင့်နင်းကာထိုအခန်းထဲကထွက်သွားလိုက်သည်။

" ကလေးလေး မနက်ဖြန်ကျောင်းစတက်ရမယ်
ဆိုတာသိတယ်မလား"

"ဟုတ် "

"လိုအပ်တာတွေကို ကိုငြိမ်းမောင်ကိုစာရင်းပေး
လိုက်သူဝယ်ပေးလိမ့်မယ် "

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now