part 16

6K 528 7
                                    

နေ့လည် ထမင်းစားနားချိန်တွင် အိုးတစ်
ယောက် သူ့ဘွတ်ဖိနပ်လေးအား တစ်စုံတစ်
ယောက်လက်ထဲကငရုပ်ဆီတွေပေသွားတာ
ကြောင့် အိမ်သာတွင်သွားဆေးချိန် ဖိနပ်အခိုးခံ
လိုက်တာကြောင့်ခြေဗလာဖြင့် ကန်တင်းဘက်
ထော့နဲ့ထော့နဲ့ဖြင့်ပြန်လာလိုက်သည်။

* ဟဲ့ သူ့ခြေထောက်ကဘာဖြစ်တာလဲ *

* အေ့လေ တစ်မျိုးကြီး *

*တစ်ဖက်တိုနေတာလား အံ့သြစရာကြီးရုပ်
လေးဘဲလှတာ *

*ဟုတ်ပ ဖိနပ်ထဲဖော့ခံဝတ်ပြီးလူတွေကိုလိမ်
ထားတာဘဲ*

ကန်တင်းထဲဝင်ဝင်ချင်းကြားလိုက်ရသည့်စကား
သံတွေကြောင့် ပြန်ပြောရန်ပြင်ချိန် ဖြူဖွေးက
အနားရောက်လာပြီးခေါင်းခါပြတာကြောင့်
မျက်စောင်းသာထိုလိုက်သည်။ သူမတို့အဖွဲ့
နှင့်မလှမ်းမကမ်းဝိုင်းတွင်ဝင်ဖိုင်ပြီးနောက်

" ငါ့ဖိနပ်ကွာ ဘယ်မိမစစ်ဖစစ်တွေခိုးသွားလဲ
မသိဘူး "

" အိုး ငါ့ထင်တာမမှားရင် မင်းအကြောင်းသိတဲ့
လူကအရှက်ခွဲချင်တာဖြစ်မယ်"

နောင်ဦးညီပြောသည်ကိုဖြူဖွေးကခေါင်းညိမ့်ကာ

"ဟုတ်လောက်တယ် ငရုပ်ဆီပေတာလဲမရိုးသားဘူး"

" ထားပါ ငါကငါ့ဖြစ်တည်မှူကိုလက်ခံ
တယ်မရှက်ဘူး"

* ဟဲ့ရေ မနက်ဖြန် ချိုင်းထောင့်ဝယ်ခဲ့အလှလေး
ကိုဘက်ဆောင်ပေးမလို့*

*ခ်ခ် ဟုတ်တယ် ဟုတ်တယ်*

* နင်တို့ကလဲ ဒေါက်ဖိနပ်ဆိုအဆင်ပြေတယ်
လေမဟုတ်ဘူးလား သူကအခြောက်ဘဲကို*

အိုးတစ်ယောက်သည်းမခံနိုင်တာကြောင့်သူမ
တို့နားသွားရပ်ကာ...

" ငါ့ခြေထောက်ကို နင်တို့ရွက်ထားရလို့လား
လူတိုင်းကပြည့်စုံတာမရှိဘူး နင့်ရုပ်ကိုလဲမှန်ထဲ
ကြည့်ကျောင်းပျော်ရုပ်နဲ့ကျောင်းပြိုမှဘွဲ့ရမဲ့ရုပ်
နင်ကကျသွားကငါ့ကိုလှမ်းခုပ်မိတော့မ
တက်ဘဲ ပြီးတော့နင် နင်ကကျ လိပ်ခါးဖားဖင်
ကိုယ်လုံးနဲ့ အားနေရင်ကိုယ့်အပြစ်ကိုယ်ရှာနေ
လိုက်သူများကိုဝေဖန်မနေနဲ့"

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now