ခြံဝင်းကျယ်ကျယ်ထဲကတစ်ထပ်တိုက်ပုလေး
ထဲတွင် မနက်စောစောချက်ပြုတ်သံလေးတွေ
ပလုံစီအောင်ထွက်ပေါ်နေသည်။ငြိမ်းမောင်
တစ်ယောက် မီးဖိုခန်းထဲကအသံတွေကြောင့်
အိပ်ရာမှထလိုက်သည်။🎤 ရှင်သန်ရာအချိန်လေးတော့မင်းကဲ့အနား
နေချင်လို့ပါအတူတူဆိုအိမ်မက်တိုင်းကတို့ရဲ့ကမ္ဘာ
ကြင်နာသူစိတ်တိုင်းကျ ဘဝသစ်ထဲမှာအမြဲ
တစ်သက်လုံ သံသယာဆုံးကမ္ဘာမြေဆုံးထိ
မဝေးချင်ဘူး🎤သီချင်းညည်းရင်းချက်ပြုတ်နေသည့်
ခင်နှောင်းကို အားကိုငြိမ်းမောင်ကြည့်ရင်းပြုံး
လိုက်သည်။"အမလေး!!ကိုငြိမ်းမောင် ဘယ်ချိန်ထဲက
ရောက်နေတာလဲ""လန့်သွားတာလား sorry ပါ ကိုယ်အခုဘဲ
ရောက်တာ"" ဒါဆိုမျက်နှာသစ်လိုက်လေ မနက်စာကို
ခင် အကုန်ပြင်ထားပြီးပြီး ထမင်းချိုင်ထည့်ဖို့လဲ
အဆင်သင့်"" အင်း ခနစောင့် "
ကိုငြိမ်းမောင်တစ်ယောက်မနက်စာငတ်
သည့်ဘဝကကျွတ်သွားတာမို့အပျော်ကြီးပျော်
နေသည်။ သူတို့နှစ်ယောက်လဲမနက်စာစား
သောက်ပြီးနှစ်ယောက်စာချိုင့်ဆွဲကာ သူဌေး
အိမ်သို့ထွက်လာကြသည်။" ခင် "
"ဗျာ "
" ဟို... မနက်စာတွက်ကျေးဇူးပါ"
"ရပါတယ် ကိုငြိမ်းမောင် ခင့်တွင်အပန်းမကြီး
ပါဘူး"" စကားမစပ် ခင့်မှာမိဘတွေကရော "
" ဖေဖေကဆုံးသွားပြီး မေမေကနောက်အိမ်
ထောင်နဲ့မို့ ခင်ကတစ်ယောက်ထဲနေနေတာပါ"" အော် စိတ်မကောင်းပါဘူး"
"ရပါတယ် "
" ဒါနဲ့ ခင့်မှာကောင်မလးရှိလား စပ်စုတယ်
လို့မထင်ပါနဲ့နော်"ခင်နှောင်းကိုလဲ သွားထပ်လေးပေါ်အောင်
ပြုံးလိုက်ပြီး" ခင်က Gayပါ "
" .... "
"ဘာလဲ ရွံသွားတာလား"
" ကောင်လေးရောရှိလား"
YOU ARE READING
တိုရှည်/ တိုရှည် (Completed)
RomanceUni & Zawgyi Starting - 27.4.2022 Ending- 13.6.2022