*144* စာတစ်စောင်ရေးသားခြင်း

8.6K 1.5K 39
                                    

ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ လှည့်ကြည့်လိုက်တဲ့အခါ ရှောင်ယင်ရုံက သူမရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ဒေါသထွက်မှု ရှက်ရွံ့မှုတွေနဲ့အတူ ဝတ်ရုံတစ်ခုနဲ့ ဖုံးကွယ်လိုက်တာကို တွေ့လိုက်ရ၏။

"ကျွန်မ.. ကျွန်မ ဘာတွေလုပ်ခဲ့တာလဲ"
ရှောင်ယင်ရုံရဲ့ စိတ်တွေမှာ.ဖရိုဖရဲဖြစ်နေကာ ခေါင်းထဲမှာလည်း ဝေဝေဝါးဝါးပုံရိပ်တွေ ပေါ်လာ၏။ ဒါပေမဲ့ သူမကိုယ်သူမ အာသာဖြေခဲ့တဲ့ ပုံရိပ်တွေကတော့ မှတ်ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်းကိုပေါ်လာလေသည်။ ထိုအခိုက်အတန့်လေးမှာ ကျိုရွှီဂိုဏ်းက တပည့်တွေအကုန်လုံးက သူမကို စိုက်ကြည့်နေကြသည်။
'ငါအိပ်မက်မက်နေတာဘဲ ဖြစ်ရမယ်.. ဒါအမှန်မဟုတ်ဘူး.. လုံးဝဘဲ..'

ဒါပေမဲ့ သူမရဲ့ခြေထောက်နှစ်ချောင်းကြားက စိုစွတ်မှုကတော့ ဒါကအမှန်တွေလို့ သူမကို သတိပေးနေလေသည်။

"အားးးးးး...."
ရှောင်ယင်ရုံမှာ အရူးတစ်ယောက်လို ကျယ်ကျယ်လောင်လောင် ဟစ်အော်လိုက်မိသည်။သူမ အချိန်အကြာကြီးထိန်းသိမ်းထားခဲ့တဲ့ မြင့်မြတ်ပြီးအထက်တန်းဆန်တဲ့ ပုံရိပ်က အခုတော့ မီးခိုးငွေ့တွေလို ပျောက်ကွယ်သွားလေပြီ။ သူမမှာ ခင်ပွန်းဖြစ်သူနဲ့ ဂိုဏ်းသားတွေကို မျက်နှာချင်းဆိုင်ဖို့တောင် ရှက်ရွံနေရလေသည်။
"ရန်ချိုးရွှမ်!..နင်ငါ့အပေါ်လုပ်ခဲ့တဲ့ ဒီအရှက်ခွဲမှုကြီးကို ငါ့ဘဝတစ်လျှောက်လုံးမှတ်ထားမယ်.. နင် ပြန်ပေးဆပ်ရမယ်!"

သူမရဲ့ လှပတဲ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တွေ ထွက်ပေါ်လာ၏။

"ယင်ရုံ.."
ဂိုဏ်းချုပ်က သူမဘေးနားကို အမြန်လျှောက်သွားလိုက်သည်။

"အနားမလာနဲ့.."
ရှောင်ယင်ရုံမှာ သူမရဲ့ခင်ပွန်းကို မျက်နှာချင်းမဆိုင်ရဲပေ။ ထို့နောက် သူမရဲ့ဝမ်းဗိုက်ကနေ ပြင်းထန်တဲ့နာကျင်မှုကြီးကို ခံစားလိုက်ရတာကြောင့် သူမမှာ ငုံ့ကိုင်းလိုက်မိပြီး
"နာတယ်..ကျွန်မရဲ့ တန်ထျန်းက နာနေတယ်.."

ဂိုဏ်းချုပ်က ဆေးတစ်လုံးအမြန်ထုတ်ကာ သူမကို တိုက်ကျွေးလိုက်ပြီး
"ရန်ချိုးရွှမ်က မင်းရဲ့တန်ထျန်းကို ဖျက်ဆီးသွားတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now