part-4

32.2K 819 20
                                    

🌺💥  ဦးရဲ့မယားကျွန် 💥🌺
part - 4......

"မင်းဘယ်သူမှန်းမသိပေမဲ့
ရာဇာလက်ကလွတ်မယ်မထင်နဲ့
မိန်းကလေး"

ခဏအတွင်း အိမ်ကြီးထဲ
ဆူညံသွားရသည်
ပြေးလွှားသံတချို့နဲ့အတူ
သိပ်မကြာပါ..
လှေကားထစ်မှာဆင်းနေတဲ့ ရာဇာဆီ
သတိုးရောက်လာကာ..

"အကိုကြီး သူနောက်ဘက်ဝရန်တာကနေဆင်း
သွားတယ် ပြီးတော့ထင်းရှုးတောထဲ
ပြေးသွားတယ်.."

ရာဇာ အံတချက်ကြိတ်လိုက်ကာ
ခတ္တစဉ်းစားလိုက်သည်
တခြားကိုပြေးတာအကြောင်းမရှိပေမဲ့
ထိုထင်းရှူးတောထဲပြေးသွားတာဆိုရင်
သူမဒုက္ခရောက်နိုင်သည်။
ဘယ်လိုပင်ဆိုပစေ
သူမဟာသူနဲ့ပတ်သပ်ဆက်နွယ်ပြီး
သွားပြီ သူမရဲအကျိုးအကြောင်းအဆိုး
အကောင်းကိုသူတာဝန်ယူ
ဖြေရှင်းပေးရမည်။
ရာဇာ ညီဖြသ်သူကို ပခုံးပုတ်လိုက်ကာ..

" သူမကို ငါသွားရှာမယ်
သတိုး "

ဘယ်အချိန်မဆို
အမြဲအသင့်ရှိတဲ့သတို့က
မဆိုင်းမတွပင်

"ကျတော်လဲ လိုက်မယ်အကိုကြီး"

ရာဇာခေါင်းရမ်းလိုက်သည်

" အလိုက်ခဲ့နဲ့သတိုး
ဒီမှာက ငါမဟုတ်ရင်းမင်းရှိနေမှ
မင်းထက်တို့ငါးယောက်ကို
ခေါ်သွားမယ်..မင်းကလုပ်စရာရှိတာလုပ်ပြီး
ဒီအိမ်ကြီကို စောက်ရှောက်ထား"

သတိုး ပုံက
စိတ်မချသော်လဲ အကိုဖြစ်သူရဲ့
စကားကို မလွန်ဆန်၍
ခေါင်းညိမ့်ကာ..

"ဘယ်အချိန်ထွက်မလဲ အကိုကြီး"

"အခုပဲ"

" ဂရုစိုက်သွားပါအကိုကြီး"

"စိတ်မပူနဲ့ ငါတို့မိုးမချုပ်ခင်ပြန်လာမယ်"

ရာဇာ သတိုးကိုမှာစရာရှိတာများ
မှာပြီး ထွက်ပြေးသွားတဲ့
သူမကိုရှာရန်ထွက်ခဲ့လိုက်သည်။
နယ်စပ်မှာ နေရတာမို့
ခိုးဆိုးလုနိုက်တွေရန်က
ကာကွယ်ရန် ရာဇာတို့အားလုံး
သေနတ်များလိုင်စင်နဲ့ ကိုင်ကြရသည်။
နယ်စပ်ဆိုတာကသိပ်ဆိုးတဲ့နေရာ
ကိုယ်က အနေရင်
လူမိုင်တချို့ရဲ အနိုင်ကျင်းချင်းကို
ခံရတတ်သည်။
လက်နက်ကိုင် ခိုးဆိုးလုနိုက်များက
အင်အားမရှိတဲ့ ခြံတွေဆို ပိုက်ဆံတောင်သည်
မရလျှင် စိုက်ပျိုးရေးခြံတွေကို
မီးရှို့ဖျက်ဆီးတတ်ကြသည်
ထို့ကြောင့် ဒီလိုနေရာမှာ ဒီလိုနေနိုင်ဖို့ဆိုရင်
သူတို့ထက်ကြမ်းရမ်းမှရသည်
မဟုတ်ရင်တော့စီးပွားပျက်ကာ ထွက်ပြေရတတ်သည်။

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now