ep -7 🔞

58.6K 775 18
                                    

🌺💥  ဦးရဲ့မယားကျွန် 💥🌺
part - 7.......

ခြေလက်တွေလေးလံ
ထိုင်းမှိုင်းလာတာကြောင့်
မကြာခင်ရေဓာတ်ခမ်းခြောက်တော့မည်ကို
သိတဲ့ရာဇာ အပေါ်ကအပေါက်ကိုမော့
ကြည့်ကာထိုင်နေရာမှထလိုက်သည်။
သူမကိုလှမ်းကြည့်တော့
ကျောက်နံရံမှာခေါင်းမှီကာမျက်လုံးတွေမှိတ်
ထားသည်။
ရာဇာ သစ်ရွက်ခြောက်များကို
တနေရာထဲစုလိုက်သည်။
မှောင်ရီလာပြီဖြစ်တဲ့ဂူထဲ
ရာဇာ ကျောက်နှစ်တုံးကိုလိုက်ရှာရပြန်သည်။
ကံကောင်းထောက်မစွာ
ကျောက်တုံးလက်တဆုပ်စာလောက်လေး
နှစ်ခုကိုကြွေကြနေတာကို
တွေ့သည်။

အာခေါင်တွေခြောက်လာကာ
နှုပ်းခမ်းတွေကအက်ကွဲလာသည်။
ရာဇာ သစ်ရွက်ပုံနား
ထိုင်ချလိုက်ပြီးရှေ့ဦးခေတ်က
လူတွေလို ကျောက်တုံးနှစ်ခုကို
တဖကိတချက်ကိုင်ကာ
ပွတ်တိုက်သည်။

ချလွပ်..

ချလွပ်..

ကျောက်တုံးတွန်းတိုက်မှုကြောင့်
လက်တွေပါပေါက်ပြဲလာပြီး
သွေများပင်ထွက်လာရသည်

ယခုချိန်ထိ မီးကတော့မပွင့်ချေ..

" ဟာ..တောက်"

ခါး လေးလဲနေတဲ့
မျက်စိတွေကိုအားယူ
ဖွင်ကာ  ထိုမင်းမြတ်ရာဇာဆိုသည့်လူ
ကိုလှမ်းကြည့်တော့
သစ်ရွက်ခြောက်တွေကို
ကျောက်တုံးနဲ့ပွတ်တိုက်ကာ
မီရှို့နေသည်။
မီးကတော့မတောက်လား
တောက်လားမသိပေမဲ့
သူလက်တော့နှစ်ဖက်လုံးသွေးတွေနဲ့ပင်..
နှလုံးသားနုတဲ့ခါး
ထိုမြင်ကွင်းကိုကြည့်ကာ
သနားသွားမိသည်။

အတန်ကြာပွတ်တိုက်နေပြီးမှ
ကံကြမ္မာကလဲသူကိုသနား​သွားလို့
ဖြစ်ဟန်တူသည်။
မီးရောင်လေးဖျက်ခနဲ့တောက်လေသည်။
ခါးလဲ ခေါင်းလေးထောင်ကာ
ကြည့်နေတုန်းဒုတိယအကြိမ်
ထပ်တိုက်ကာ ထွက်လာတဲ့မီးကို
သစ်ရွက်ဆီလျှင်မြန်စွာကူးလိုက်တော့..
မီးခိုးငွေ့လေးထွက်ပြီး
ကျောက်တုံးကမီးတော့သေ သွားတာ
ကြောင့်ခိုးကြည့်နေတဲ့ ခါးရော
သူပါအားရော့သွားရသည်။

"တောက့်"

ရာဇာတောက်ကိုပြင်းပြင်းခေါက်လိုက်ကာ
ပွတ်တိုက်မှုကြောင့်
ကိုင်မနိုင်လောက်အောင်ပူနေတဲ့
ကျောက်နှစ်တုံးကိုပစ်ထုပ်လိုက်သည်။

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now