ep - 8

31.7K 693 23
                                    

🌺💥  ဦးရဲ့မယားကျွန် 💥🌺
part - 8.....

"ဟင့်"

ရာဇာနားထဲတိုးဝင်လာတဲ့
ရှိုက်သံလေးကြောင့်လေးလဲနေတဲ့
မျက်ဝန်းတွေကိုဖွင့်လိုက်တော့
ဂူအပေါက်မှထိုးကျနေသည့်
နေရောင်ကအတော်ပင်စူးနေပြီဖြစ်သည်။

"အ့..ကျွတ်"

တကိုယ်လုံးရိုက်ခံထားရသလို
နာကျင်နေ၍ ခါးကိုဖိလိုက်ပြီး
ရာဇာကုန်းထထိုင်လိုက်သည်။
သူပေါင်နဲ့ထိစပ်နေတဲ့
နွေးထွေးတဲ့ ခြေထောက်လေးကြောင့်
ရာဇာနဘေးကိုငဲ့ကြည့်လိုက်တော့
သူကိုကျောခိုင်ကာ
ကွေးကွေးလေးအိပ်နေတဲ့သူမလေး
ဖြူဝင်းတဲ့ကျောလေးကမွေးညှင်း
နုနုလေးတွေကိုပါမြင်နေရသည်။
ရာဇာ ထိုကျောပြင်လေးကို
သဘောကျနှစ်ခြိုင်စွာ
သူလက်များနဲ့တို့ထိကြည့်တော့..

"ဟာ"

ပူကျစ်နေတဲ့သူမကိုယ်ခန္ဓာလေးကြောင့်
ရာဇာလန့်သွားပြီး
လက်မောင်းသေးသေးလေကနေ
ဆွဲယူကာရင်ခွင်ထဲ
ထွေးဖတ်လိုက်သည်။
ဆံနွယ်နုနုလေးများကျနေသည့်
နဖူးလေးကိုစမ်းကြည့်လိုက်တော့..

"ကိုယ်တွေပူနေတာပဲ"

နဘေးမှာပြန်ကျဲနေသည့်
အကျီများကိုကောက်ကာ
သူမကိုဝတ်ပေးလိုက်ပြီး
သူမပါးလေးကိုပုတ်ကာ
နိုးမိသည်။

" ဟိတ်..ဟိတ်..အာ..ကျစ်"

သူမအတူနေထိုင်ခဲ့ပြီး
သူမနာမည်လေးကိုမသိရသေး
ဘူးဆိုရင် ရာဇာအလွန်ညံနေမလား..
ကိုယ်ကိုကိုယ်စိတ်မရှည်စွာ
ကျစ်သတ်လိုက်ပြီး..
သူမနဖူးနဲ့ပါးလေးကို
ထပ်စမ်းပြီးဘာလုပ်လိုပ်ရမလဲ
ကြံရာမရဖြစ်နေချိန်..

"အ..ဟင့်..ရေ..ရေ..ဆာတယ်"

သူမကိုယ်လေးလူးလွန့်လာကာ
ညည်းသံခပ်တိုးတိုးလေးနဲ့
ပြောနေသည်ကိုရာဇာနားမလည်၍

"မင်းဘာပြောတာလဲ..
မင်းသတိရနေပြီးလာ"

"ရေ.ရေဆာတယ်"

ရာဇာသူမနှုပ်ခမ်းလေးနား
နားကပ်ကာနားထောင်လိုက်တော့မှာ
မပွင့်တပွင့်အသံလေးနဲ့သူမ

"ရေ..ဆာလိုပါ"

ခြောက်သွေ့အက်ကွဲနေတဲ့
သူမနှုပ်ခမ်းလေးကို
ကြည့်ကာစိတ်မကောင်းဖြစ်သွားရသည်။
စကားတလုံးထွက်ဖို့အနိုင်နိုင်
ပြောနေရတဲ့သူမလေးဆံနွယ်လေးကို
လက်နဲ့သပ်ရင်း
နံရံပတ်ပတ်လည်ကို
ရာဇာလျှောက်ကြည့်လိုက်သည်
လက်ထဲကသူမကိုယ်လေးမှာ
တဖန်ပြန်လည်ညိမ်သတ်သွားပြန်သည်။
သူမကိုယ်လေးကိုသေချာပြန်ချပေးပြီး
ရာဇာထလာကာကျောက်နံရံတွေကို
လက်နဲ့ထောက်ကြည့်ရိုက်ကြည်သော်လဲ
တုန့်ပြန်သံမထွက်...

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now