Part 9 Uni/Zawgyi

1.1K 35 0
                                    

ရင်ထဲနစ်ဝင်သောဆူး

      အခန်း { ၉ }

ကျွန်တော်ကုမ္ပဏီကအပြန် ကြွေရုပ် ဆီ
ထွက်လာခဲ့လိုက်ရင်း ကြွေရုပ် နှင့်စတွေ့
တုန်းကအကြောင်းပြန်ပြီးစဥ်းစားနေမိ
သည်အဲ့ဒီတုန်းကသူမလေးစူပါမားကတ်
တစ်ခုမှာအလုပ်ဝင်လုပ်နေတာကျွန်တော်မျက်လုံးထဲမှာ​ ကြွေရုပ် လေးလိုလှပနေ
တဲ့သူမမျက်နှာလေးကိုပြန်မြင်ယောင်နေမိသည်နောက်တော့သူမဆီမှာစျေးဝယ်
ရင်းသူမအကြောင်းသိပြီးကျွန်တော်
ကုမ္ပဏီမှာအလုပ်ပေးရင်းသူမကိုကျောင်းဆက်တက်ဖို့ကူညီရာကနေရင်းနီးခဲ့တာမဟုတ်ပါလားအဲ့ဒီတုန်းကကျွန်တော်သိ
ချင်ခဲ့မိသည်ဘယ်သူကများသူမကိုဒီလိုရက်စက်ရက်တာလဲသူမနဲ့ရင်းနီးရင်းကကျွန်တော်သူမကိုချစ်ခဲ့မိသည်ဆိုရမလားသူမကိုမတွေ့ရရင်မနေနိုင်ခဲ့၍ကျွန်တော်မြန်မာနိုင်ငံပြန်လာခဲ့မိသည်ဒါပေမယ့်
မဖြစ်နိုင်ဘူးဆိုတာကျွန်တော်သိပါတယ်ကျွန်တော်သူမကိုချစ်နေရရုံပဲကျေနပ်နေ
မိသူမဟုတ်ပါလားကျွန်တော်သူမကို
တဖတ်သက်ချစ်နေရုံပဲကျေနပ်ပါတယ်

💞💞💞💞💞💞💞💞💞💞

" ကြွေရုပ် "

" ကိုသက္ကရာဇ် "

" ကိုယ်တို့စကားခဏပြောရအောင် "

" ကိုသက္ကရာဇ် ကျွန်မတို့ကြားမှာပြောစရာစကားမရှိဘူး "

" ကိုယ်ပြောစရာရှိတယ် ပြီးခဲ့တဲ့ရက်တွေတုန်းကကိုယ်ဘာမှမပြောခဲ့တာ ကဗျာ ဆေးရုံမှာမို့ "

" ကိုသက္ကရာဇ် "

" ကိုယ်သိတယ် မင်းကိုယ့်ကိုရှောင်နေတာ "

" ကျွန်မရှင့်ကိုရှောင်စရာဘာအကြောင်းမှမရှိဘူး "

" ကိုယ့်​ဘက်ကပြောစရာရှိတယ် ကြွေရုပ်
နားထောင်ပေး "

" ကျွန်မမသိချင်ဘူး "

" ကြွေရုပ် ခဏလေးပါ "

" ကိုသက္ကရာဇ် အခုဒါဆေးရုံမှာတခြားသူတွေတွေ့သွားရင်မကောင်းဘူးကျွန်မလက်
ကိုလွှတ်လိုက်တာကောင်းမယ် "

" ကြွေရုပ် "

" ဒီမှာ ကိုသက္ကရာဇ် "

" ကြွေရုပ် "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now