Part 14 Uni/Zawgyi

1.1K 33 0
                                    

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၁၄ }

သမီးလေးကိုသူကချီပြီးတော့အိမ်ပြန်ပို့ပေး
ခဲ့သည်ကျွန်မကားပေါ်မှာသမီးကိုပေါင်ပေါ်မှာတင်ထားပြီးတဖက်ကိုငေးနေရင်ကသူ့ဘက်ကိုလှည့်ကြည့်လိုက်မိသည်သူကသမီးလေးနဲ့ကျွန်မကိုလှည့်လှည့်ကြည့်နေသည်မို့တစ်ခုခုမေးတော့မယ်ဟုသဘောပေါက်ခဲ့မိ
၍ပင်လေကျွန်မသူ့မျက်နှာကိုငေးကြည့်နေ
မိရင်းသူဟာအသက် ၃၀ အရွယ်လူတစ်ယောက်တဲ့လားဟိုတုန်းကလိုအခုထိကြည့်ကောင်းနေတုန်းပါပဲလားသူ့ရဲ့မျက်ခုံးကောင်း
ကောင်းကြည်လဲ့နေတဲ့မျက်ဝန်းနက်နဲ့နှာတံဆင်းဆင်းတို့ကဟိုတုန်းကလိုပင်ကြည့်ကောင်းနေတုန်းပါပဲလေတည်ငြိမ်သွားတဲ့
ပုံစံကြောင့်သာအသက် ၃၀ အရွယ်လူတစ်ယောက်လို့သိရတာမဟုတ်ရင်တော့လူငယ်တစ်ယောက်လို့ကိုထင်မိမှာပင်မဟုတ်ပါလားကြည့်လဲ့နေသည့်မျက်ဝန်းတွေမိန်းကလေးတိုင်းကိုညို့ယူနိုင်ပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတာအဆန်းမဟုတ်ပင်ပဲမဟုတ်ပါလားကျွန်မသူ့ကိုငေးနေခဲ့မိပေမယ့်ဘာမှမပြောပဲအသံတိတ်နေမိသည်သူကပင်စပြီးပြောလာခဲ့သည်သူမေးလိုက်တဲ့စကား
ကြောင့်ကျွန်မသမီးကိုတချက်ကြည့်လိုက်မိ
ရင်းသမီးကကျွန်မပေါင်ပေါ်မှာအိပ်ပျော်နေ
၍သက်ပြင်းကြိတ်ရှိုက်လိုက်မိသည်

" ကြွေရုပ် "

" ............... "

" သမီးလေးကဘယ်သူ့သမီးလဲ "

" ဟင် ! ဘယ်သူ့သမီးရမှာလဲ ကျွန်မသမီးပေါ့ "

" ကိုယ်မေးတာသမီးလေးရဲ့အဖေက
ဘယ်သူလဲ "

" ဟင် "

" ဖြေပါ "

" ............... "

" ကြွေရုပ် "

" သမီးအဖေက ... သမီးရဲ့အဖေကကျွန်မတို့အနားမှာရှိပါတယ်ရှင်သိဖို့မလိုအပ်ဘူးထင်တယ် "

" လိုအပ်တယ် ပြောပါ "

" ကိုသက္ကရာဇ် "

" ကြွေရုပ် "

" ကျွန်မတို့ဆင်းတော့မယ် လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now