Part 12 Uni/Zawgyi

1.1K 34 0
                                    

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၁၂ }

" မေမေ "

" ဟင် "

" မေမေ ဘာလို့ ဦးဦးသက္ကရာဇ် ကိုမုန်းနေတာလဲဟင် "

" သမီးရယ် "

" ဘာလို့လဲဟင် "

" မေမေ မမုန်းပါဘူး "

💞💞💞💞💞💞💞💞💞💞

ကျွန်မမနက်ခင်းဂျူတီလှည့်ရင်းသူ့ကိုတွေ့
လိုက်ရ၍မျက်နှာလွှဲလိုက်မိရင်းရုံးခန်းထဲသို့
ဝင်ခဲ့လိုက်မိသည်မဟုတ်ပါလားလူနာတွေရဲ့
မှတ်တမ်းတွေကြည့်နေမိရင်းတံခါးခေါက်သံ
ကြောင့်လှည့်ကြည်လိုက်မိတော့နက်စ်မလေး
ကဝင်လာသည်

" ဒေါက်တာ "

" ဝင်ခဲ့လေ "

" ဒီညီမလေးက ဒေါက်တာ ကြွေရုပ်လွှာ နဲ့
တွေ့ချင်လို့တဲ့ "

" အင်း သွားလို့ရပြီ "

" ဟုတ်ကဲ့ "

" လာ ထိုင်ပါ "

" ဟုတ်ကဲ့ "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°

" ​ညီမလေး အမျိုးသားမပါဘူးလား "

" သူမပါဘူး သူ့မိဘတွေသဘောတူတဲ့သူနဲ့ယူ
တော့မှာ "

" ဟင် "

" ဒေါက်တာ ညီမကိုဒီကလေးဖျက်ချခွင့်ပေး
ပါနော် ညီမသူ့ကလေးမလိုချင်ဘူး "

" ညီမလေး အစ်မပြောတာသေချာနားထောင်
နော် "

" ဟုတ်ကဲ့ "

" ကလေးတစ်ယောက်ရဲ့တာဝန်ကလွယ်တာ
မဟုတ်မှန်းအစ်မလဲသိပါတယ် "

" ဟုတ်ကဲ့ "

" ကလေးတစ်ယောက်ကိုပြုစုဖို့ဘယ်လောက်
ခက်ခဲလဲဒါ့အပြင်တစ်ယောက်တည်းရင်ဆိုင်ဖို့ဆိုတာမလွယ်ဘူး "

" ညီမနားလည်ပါတယ် "

" ဒါပေမယ့် သူ့အဖေမကောင်းတိုင်းဒီကလေးမှာအပြစ်မှမရှိတာ "

" ဒါပေမယ့် "

" ကလေးတစ်ယောက်ကသူ့မိဘကိုရွေးချယ်
ခွင့်ရှိလို့ရွေးချယ်ခဲ့ပြီပဲ အစ်မကတော့ဒီအပြစ်
မရှိတဲ့ကလေးကိုမဖျက်ချစေချင်ဘူး "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now