Part 21 Final Uni/Zawgyi

4K 48 4
                                    

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၂၁ }
      ဇာတ်သိမ်း

​ကြွေရုပ်လွှာ လျှော်ပြီးလှန်းထားခဲ့တဲ့အဝတ်
တွေမီးဖိုတိုက်ပြီးခေါက်ရင်းဧည့်ခန်းတွင်ထိုင်
၍မေမေတို့နှင့်စကားပြောနေသည်သမီးလေး
ကဆော့ကစားနေခဲ့ရင်းအိမ်ရှေ့ကနေခေါ်သံ​
ကြောင့်သူမတံခါးဖွင့်ကြည့်လိုက်မိသည်

" ကြွေရုပ်လွှာ "

" ဟင် မကဗျာ "

" နင်နဲ့နင့်သမီးသေရမယ် "

" ဟင် "

" ကဗျာ "

" ကိုကို "

ကဗျာ ကသမီးလေး မေဝတ်လွှာ လေးကို
သူမဘက်ပါအောင်လှမ်းဆွဲခေါ်လိုက်သည်
ပြောတော့ပါးစပ်ကလဲပြောရင်းအနောက်
သို့ဆုတ်ဆုတ်သွားသည်

" ကိုကို ရှေ့မတိုးနဲ့နော် "

" ကဗျာ ကိုယ်တောင်းပန်ပါတယ်သမီးလေး
ကိုလွှတ်ပေးပါကွာ "

" မကဗျာ ရှင်ဘာလုပ်မလို့လဲ "

" အီးဟီး ဟီး မေမေသမီးကိုကယ်ပါ "

" ရှေ့မတိုးကြနဲ့နော် ဘယ်သူ့မှ "

" ကဗျာ မလုပ်နဲ့နော် "

" မကဗျာ ကျွန်မတောင်းပန်ပါတယ် သမီးလေးကိုလွှတ်ပေးပါ "

" ဒါတွေအာလုံးနင်နဲ့နင်သမီးကြောင့်ဖြစ်ရတာနင်ကြောင့် ကိုကို ကငါနဲ့သားလေးကို
ဂရုမစိုက်တော့တာ ရှေ့မတိုးနဲ့နော် "

" ကဗျာ မင်းလျှောက်မလုပ်နဲ့နော် သားလေး
မျက်နှာကိုကြည့်ပါဦးကွာ ငါ့သားကိုငါချစ်ပါ
တယ်သမီးကလဲငါ့သမီးပဲ မင်းလွှတ်ပေးလိုက်ပါကွာ "

" မေမေ ဖေဖေ "

" ဟင့်အင်း ကိုကို့ကို ကဗျာ နဲ့သားလေးပဲပိုင်
ရမယ် မဟုတ်ရင် ကိုကို့အနားဘယ်သူမှမရှိ
ရဘူး "

" မကဗျာ ရှင်ကျွန်မသမီးကိုလွှတ်နော် ကျွန်မ
သည်းမခံတော့ဘူး "

" အဟော် ဟုတ်လား အဲ့တော့နင်ကဘာလုပ်
ချင်တာလဲ နင့်သမီးကငါ့လက်ထဲမှာနော် "

" ကဗျာ ငါတောင်းပန်ပါတယ်ကွာ သမီးကို
လွှတ်ပေးပါ "

" ဟင့်အင်း ရှေ့မတိုးနဲ့နော် "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now