*1

2.2K 139 10
                                    

"" အရှင်မင်းကြီး ကြွလာပါတယ် ""

နန်းတွင်းသူတွေက ခေါင်းကိုငုံ့ပြီး မိဖုရားကြီးနန်းဆောင်ထဲဝင်လာတဲ့ ဝမ်ဘုရင်မင်းမြတ်ကို ကြိုဆိုတယ်။နန်းဆောင်ပိုင်ရှင်မိဖုရားကြီးက သလွန်တော်ထက်ကနေမထနိုင်ရှာပဲ အတင်းထပေမဲ့ စိတ်အလိုကို ခန္ဓာကိုယ်က မလိုက်နိုင်တော့ အားမတန်မာန်လျှော့ရှာရတယ်။

" ကျန့်အာ "

ကြင်စဦးကတည်းက တစ်နည်း အိမ်နိမ့်စံဘဝကတည်းက လက်ရှိဝမ်ဧကရာဇ်တစ်ဦးတည်းခေါ်ခွင့်ရှိတဲ့ မိဖုရားကြီးရဲ့ငယ်နာမည်။

သူရောက်လာတိုင်း ခရီးဦးကြိုပြုပြီး သူ့စိတ်ဆန္ဒရှိသလို ခစားပြုစုပေးတဲ့ မိဖုရားကြီး။သက်တော် 50 ရောက်လာတဲ့တိုင် မပျက်မယွင်းသေးတဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းက မအိုဟောင်းသေးသလို။

မျက်သားမျက်ခွံမို့မို့လေးတွေက အားမရှိတဲ့ အညိုရောင်အဆင်းနဲ့ ပန်းနုရောင်သန်းနေတတ်တဲ့ နှုတ်ခမ်းသားတစ်စုံက ဖြူဖျော့လို့။မိုးမခနွယ်တွေလို ပျော့ပျောင်းပေမဲ့ သန်မာတဲ့ဆံနွယ်တွေက ဆံထိုးအဖြူလေးနဲ့အံဝင်ခွင်ကျ ထုံးဖွဲ့ထားပုံက ရိုးရှင်းစွာ။

" နောက်ကျမှရောက်လာလည်း ကိုယ်တော့်ကို ခွင့်လွှတ်မယ်မလား "

ပိန်သွားတဲ့ ပါးမို့မို့လေးတွေကို လက်ညှိုးနဲ့အသာပွတ်ဆွဲရင်း နှစ်ကိုယ်ကြားရုံရေရွတ်မိတော့ အသာမှိန်းနေတဲ့ မျက်လုံးတစ်စုံက ခပ်ဖြည်းဖြည်းဖွင့်ကြည့်လာတယ်။ဖျော့တော့နေတဲ့ နှုတ်ခမ်းသားတစ်စုံက လေသံဖျော့ဖျော့လေးဆိုလာတယ်။

" ကျန့်အာက........အရှင့်ကို.......အမြဲ.......အမြဲတမ်း......ခွင့်လွှတ်......ခွင့်လွှတ်ပါတယ်..... "

ယဲ့ယဲ့လေးပဲကျန်တော့တဲ့ အသက်ရှူသံမျှင်းမျှင်းကလေးရဲ့ ပိုင်ရှင်ကို သူထွေးပွေ့လိုက်မိတယ်။

" အရှင့်......အရှင့်......ရင်.....ရင်ငွေ့က......ကျန့်....ကျန့်အာအတွက်.......အရင်လို.....ဟိုးအရင်က.....အတိုင်း နွေးထွေးတယ် ဟမ်းးးး အဟွတ် အဟွတ် ဟမ်းးးးး "

" ဖြေးဖြေးပြောပါ ကျန့်အာရယ် ကိုယ်တော်မင်းအနားမှာ ရှိတယ်လေ "

Suwolga ( ရပ်နား )Onde histórias criam vida. Descubra agora