*4.1

758 72 33
                                    

Warning ⚠

အနီရောင်ဇာခန်းဆီးထူထူတွေဟာ လေအရှိန်ကြောင့် အနည်းငယ်စီ လှုပ်ခတ်နေတယ်။

ဝါကျင့်ကျင့်မီးရောင်နဲ့ အမွှေးဖယောင်းတိုင်တွေဟာ လောင်ကျွမ်းနေဆဲ။

တံခါးဝမှာချိတ်ဆွဲထားတဲ့ အနီရောင်မီးပုံးတွေဟာလည်း လျှောက်လမ်းကို လျှောက်လှမ်းလာနေတဲ့ အိမ်နိမ့်စံမင်းသားကို အလင်းရောင်ကောင်းစွာ ပေးအပ်နေတုန်းပဲ။

တစ်လှမ်းချင်း လျှောက်လမ်းလာနေတယ်။တစ်လှမ်း.......နောက်တစ်လှမ်း........ထပ်ပြီးတစ်လှမ်း........။

* ကျွီ~~~ *

တံခါးနှစ်ချပ်ကို ဘေးတစ်ဖက်ရောက်အောင် တွန်းဖွင့်လိုက်တဲ့ ဝမ်ရိပေါ်ဟာ သလွန်ပေါ်မှာထိုင်နေတဲ့ အရိပ်ငယ်လေးမသိမသာ တုန်သွားတာကိုလည်း မြင်လိုက်ရတယ်။

အတိတ်တုန်းကတော့ မမြင်ချင်ယောင်ဆောင်လို့ အဆုံးထိဆက်သွားခဲ့တယ်။မင်္ဂလာဦးသေရည်မှာခပ်ထားတဲ့ ဆေးဒဏ်တွေ မပြယ်မချင်း။အနီရောင်ပိုးသားအိပ်ရာခင်းဟာ သူ့အဖြူရောင်အရည်တွေနဲ့ ပေကျံသွားပြီး နှစ်ရောင်စပ်ဖြစ်သွားစေတဲ့အထိ။

လက်ရှိမှာ.......

တုတ်တံလေးကိုကိုင်ကာ သူအနီရောင်ခြုံပဝါကို ဖယ်ရှားလိုက်တယ်။ခေါင်းကိုအောက်စိုက်ချထားတဲ့ ကြင်သူရဲ့ မေးဖျားလေးကိုလည်း လက်နဲ့အသာအယာကိုင်လို့ မော့စေလိုက်တယ်။ထိလိုက်ရုံနဲ့ ပဲ့ကြွေကျတော့မတတ် အိစက်နေတဲ့ အသားအရေဟာ သူ့လက်ချောင်းတွေနဲ့ ထိစပ်နေတယ်။

လေးကိုင်းသဏ္ဍာန်ကွေးညွှတ်နေတဲ့ ပန်းနုရောင်ဖျော့ဖျော့နှုတ်ခမ်းပါးလေးက တုန်ယင်စွာနဲ့ပဲ။

" အ.....အရှင့်သား "

အချိုသာဆုံးအသံ။အနူးညံ့ဆုံးတွေ ပျော်ဝင်နေတဲ့အသံ။ခေါ်ချင်ပေမဲ့ ခေါ်ခွင့်မရခဲ့တဲ့အချိန်က ဘယ်လောက်တောင်မျိုသိပ်ထားလိုက်ရသလဲ။

မင်္ဂလာခြုံပဝါနီနီနဲ့ တုတ်တံလေးကို လက်ထဲကနေလွှတ်ချလိုက်တယ်။ခါးစည်းစ အနီရောင်ကြိုးလေးကို ဆွဲချလိုက်တယ်။လွမ်းဆွတ်နေရတဲ့ နှုတ်ခမ်းသားပါးပါးလေးတွေကို ဖိကပ်နမ်းရှိုက်လိုက်တယ်။

Suwolga ( ရပ်နား )Where stories live. Discover now