*2

971 113 18
                                    

Recommend Song - Horang Suwolga

မိဖုရားကြီးရဲ့ ရုပ်ခန္ဓာကိုယ်ကို ထိခွင့်လုံးဝမပေးတဲ့ ဘုရင်မင်းမြတ်ကို ဖြောင်းဖျမှုတွေပြုလုပ်ပြီးတဲ့နောက် တစ်ပတ်တင်းတင်းပြည့်တဲ့နေ့မှာ မင်းမျိုးနွယ်သင်္ချိုင်းမှာ ဆေးစီရင်ပြီး ဂူပိတ်မြေမြှုတ်ခဲ့တယ်။

တစ်ပတ်ကျော်ကြာပြီးနောက်......

ညီလာခံရာနန်းရင်ပြင်ဝယ် အမိန့်ပြန်တမ်းဝန်ကြီးရဲ့ အမိန့်ကြေညာသံက ကြီးစိုးနေလျက်။

" မိဖုရားကြီးဘွဲ့ထူးခံ အနောက်ဆောင်ကို စံမံအုပ်ချုပ်ခဲ့တဲ့ ရှောင်းမျိုးရိုး....!
နာမတော် ရှောင်းကျန့်.....!
ချယ်ရီပွင့်တဲ့ရာသီမှာ ကိုယ်တွင်းအင်္ဂါချို့တဲ့မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ 26 နှစ်ကြာ ဘုရင်မင်းမြတ်ရဲ့ မိဖုရားကြီးအဖြစ်စံမြန်းသွားခဲ့တာကြောင့် ဘုရင်မင်းမြတ်နဲ့တကွ တိုင်းသူပြည်သားတို့ စိတ်နှလုံးညှိုးနွမ်းကြရတယ်။ဒါပေမဲ့ မိဖုရားကြီးစံမြန်းသွားခဲ့တဲ့နန်းဆောင်ကို မိဖုရားကြီးရဲ့နောက်ဆုံးဆန္ဒအတိုင်း ဖျက်ချတော်မမူဘဲ မိဖုရားကြီးနေစဥ်ကအတိုင်း ယိုယွင်းမှုမရှိအောင် ဂရုစိုက်ထိန်းသိမ်းဖို့ ဘုရင်မင်းမြတ်က အမိန့်ချမှတ်တော်မူတယ်။ "

" စိုးရွံ့မိပါတယ် မင်းကြီး မိဖုရားကြီးရဲ့ နန်းဆောင်ကို မိဖုရားကြီးဆန္ဒအတိုင်း ဖျက်ချစေတာက တမလွန်က မိဖုရားကြီးကို နှစ်သိမ့်ရာရောက်စေပါတယ် ဒါကြောင့်ကျွန်တော်မျိုးအတင့်ရဲပြီး ....... "

* ဒုန်း *

ရာဇပလ္လင်ရဲ့ရှေ့တော်မှောက်က နင်္ဂါးသားရေနဲ့ပြုလုပ်မွမ်းမံထားတဲ့ စားပွဲကို တံဆိပ်တုံးနဲ့ထုလိုက်တဲ့ ဝမ်ဘုရင်မင်းမြတ်ကြောင့် ဆက်ပြောလုဆဲဆဲအမတ်ရဲ့ စကားသံတွေဟာ ရပ်တန့်သွားတယ်။

" ဒီအမိန့်ကိုကန့်ကွက်ရဲတဲ့သူကို ငါကိုယ်တော်ရဲ့လက်စွဲဓားက လည်ပင်းသွေးသောက်ဖို့ နှောင့်နှေးနေမှာမဟုတ်ဘူး!! "

လက်စွဲတော်ဓားကို စွဲကိုင်လို့ အမတ်တစ်ယောက်ချင်းစီတိုင်းကို စေ့စေ့ကြည့်နေတဲ့ ခက်ထန်ပြီး မာန်မာနတင်းတင်းမျက်နှာထားပိုင်ရှင်ကြောင့် နှုတ်လှန်ထိုးသံတွေ ထွက်မလာတော့ဘူး။

Suwolga ( ရပ်နား )Where stories live. Discover now