*4.2

701 65 21
                                    

( A/N ;;;အပေါ်ဆုံးမှာပြူးနေအောင်ထည့်ထားတာကိုတော့ ကျော်မသွားနဲ့လေနော်။ပြီးမှလာပြန်မေးရင်မပြောပြဘူး။

အိမ်နိမ့်စံဆိုတာက အိမ်ရှေ့စံမဟုတ်ပါဘူး။မင်းသားတွေထက်တစ်ဆင့်မြင့်ပြီး အိမ်ရှေ့စံမရှိရင် နန်းလျာမင်းသားဖြစ်နိုင်ပါတယ်။ဝမ်ကအိမ်နိမ့်စံကနေ မင်းကြီးဖြစ်လာခဲ့တာပါ။

စတင်စီးမြောနိုင်ပါပြီ )

                      ✨Suwolga ✨   

ဇာမဏီနှစ်ကောင် ရစ်သိုင်းထားပြီး ဖောင်းကြွစာလုံးတွေနဲ့ အလှဆင်ထားတဲ့ မိဖုရားကြီးနန်းဆောင်တစ်ခုကို အရိပ်ဖြူငယ်လေးဟာ ရပ်ကြည့်နေတယ်။

ဘေးနှစ်ဖက်မှာတော့ လိပ်ပြာဖြူလေးတွေ ဝဲပျံလို့။

ချယ်ရီတွေကြွေနေတဲ့ နန်းဆောင်။

ဒါ.....ဒါဟာ သူ့နန်းဆောင်။

တစ်သက်တာလုံးချစ်မြတ်နိုးခဲ့ရတဲ့ ပြည့်ရှင်မင်းတစ်ပါးဟာ သူ့နန်းဆောင်ရှေ့မှာဒူးထောက်ရင်း မျက်ရည်တွေကျနေတယ်။

ဘာကြောင့်လဲ......?

မျက်ရည်တွေမကျပါနဲ့လားအရှင်.....။

ရင်တွေကွဲထွက်မတတ်နာကျင်ရလို့ပါ....။

တစ်သက်တာလုံး ဆန္ဒရှိသလိုနေပေးခဲ့တယ်လေ......။

အေးချမ်းတဲ့နေရာကလာခေါ်နေချိန်မှာတော့ စွဲလမ်းပြီးမကျန်ရစ်ပါရစေနဲ့။

ကျေးဇူးပြုပြီးတော့......။

                       ✨Suwolga✨

ဥယျာဉ်တော်ထဲက ငှက်ကလေးတွေ သီကျူးနေတဲ့ မနက်ခင်းလေး။

" အရှင့်သားနဲ့ဖုရန်တို့ နန်းတော်ကိုကြွမြန်းရပါမယ် အရှင့်သား "

အပြင်ဘက်က အထိန်းတော်ရဲ့အသံက အတွင်းခန်းထဲထိ ပျံ့လွင့်လာတယ်။သူ့ရင်ခွင်ထဲက အရိပ်ကလေးကလဲ ဖြည်းဖြည်းချင်း လွန့်လူးလာတယ်။

နာနေမှာသေချာတဲ့ ခန္ဓာကိုယ်ကြောင့် မျက်ခုံးတန်းလေးတွေစုကြုံ့သွားကာ သူ့ကိုဖက်တွယ်ထားတာတွေ ဖြုတ်ပြီး ထထိုင်ဖို့ပြင်နေတဲ့ သူလေးဟာ အမူအရာလေးတွေ ရပ်တန့်သွားတယ်။

Suwolga ( ရပ်နား )Where stories live. Discover now