*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်

8.5K 1.6K 38
                                    

နာရီဝက်လောက်ကြာတဲ့အခါ ချီယွဲ့ရှီက ရုန်ယိရှိနေတဲ့ခြံဝန်းထဲကို တစ်ယောက်တည်းဝင်လာကာ သူ့ကိုရှင်းပြလာသည်။
"ရှောင်ယိယိရေ..မင်းကို တစ်ကယ်အားနာပါတယ်.. ဒီရက်ပိုင်း ငါတို့မှာလုပ်စရာတွေ ပုံနေကြတော့..သူတို့အကုန်လုံး အလုပ်တွေရှုပ်နေကြတာ.. ဒါကြောင့် ငါတစ်ယောက်တည်း လာခဲ့တာ.. မင်း ငါတို့ကို ဘာလို့ခေါ်လိုက်တာလဲ"

ရုန်ယိ မေးလိုက်သည်။
" အရမ်းအလုပ်ရှုပ်နေတာလား"

ချီယွဲ့ရှီက အလွန်ပျော်ရွှင်နေတဲ့ပုံနဲ့ ပြောပြလာသည်။
"ဟုတ်တယ်.. ပြီးခဲ့တဲ့ရက်တွေတုန်းက ကျင့်ကြံသူအများအပြားအသတ်ခံရတာတွေ မကြာခဏကြားခဲ့ရပြီးတော့ လူတွေအများကြီး ဒီမြို့ကနေထွက်သွားကြပေမဲ့လည်း မင်းလုပ်တဲ့ မှော်ကိရိယာတွေ မွမ်းမံခြင်းအင်းကွက်တွေနဲ့ ငါတို့ရဲ့ ပုလဲမှုန့်တွေ ပါးနီဆိုးဆေးတွေကို ဝယ်ဖို့အတွက် ငါတို့အိမ်ကို ရောက်လာတဲ့လူတွေတော့ အများကြီးရှိသေးတယ်လေ.. အခု ငါတို့အိမ်လည်း စျေးဆိုင်ဖြစ်လုနီးနီးဘဲ နေ့တိုင်း လူတွေအများကြီးက သွားလိုက်လာလိုက်လုပ်နေကြတာ.. ဒါကြောင့် ဒီရက်အနည်းငယ်အတွင်းမှာ ငါတို့ဆိုင်ပြန်ဖွင့်ဖို့ စီစဥ်ထားတယ်"

"အချိန်ရတာနဲ့ ကျင့်ကြံဖို့လည်း သတိရကြဦး.. မင်းတို့ အဆင့်မတက်နိုင်ရင် အမြဲတမ်း ကျင့်ကြံဆင့်နိမ့်ပြီး အသုံးမဝင်တဲ့သူတွေ ဖြစ်နေလိမ့်မယ်"

"မစိုးရိမ်ပါနဲ့.. ငါတို့မှာ အစီအစဥ်ရှိပြီးသားပါ.. ဆိုင်က ကိစ္စတွေအကုန် နေသားတကျဖြစ်အောင် စီစဥ်ပြီးသွားရင် ငါတို့ အဆင့်တက်အောင် ကျင့်ကြံနိုင်ဖို့အတွက် ဆိုင်ကိုကူညီနိုင်မဲ့ လူတွေပိုပြီး ခန့်လိုက်မယ်လေ.. မင်းငါ့ကို ဒီကိုခေါ်လိုက်တာက ဒီကိစ္စတစ်ခုတည်းအတွက်တော့မဟုတ်ဘူးမလား.."

ရုန်ယိက ပြုံးလိုက်ကာ
"ဒါပေမဲ့ မင်းတို့စီးပွားရေးက တစ်နှစ်အတွင်း မတည်ငြိမ်သေးမှာ စိုးတယ်.. ဒါကြောင့် ဆိုင်ကို ပိုဂရုစိုက်သလို ကျင့်ကြံခြင်းဖက်ကိုလည်း လှည့်ပေါ့"

သူ့စကားတွေကို ကြားတဲ့အခါ.ချီယွဲ့ရှီက သူ့ဆီမှာ အကြံဉာဏ်အသစ်တွေရှိနေတာ သိသွားပြီး မျက်လုံးတွေ တစ်လက်လက်တောက်ပစွာနဲ့ မေးလာ၏။
"ရှောင်ယိယိ.. မင်းမှာ.ငါတို့ဆိုင်တိုးချဲ့ဖို့အတွက် အကြံကောင်းရှိနေတာလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now