*147* ကြီးပြင်းလာချင်လား

8.7K 1.6K 37
                                    

ပထမအကြီးအကဲက ခန့်မှန်းကြည့်လိုက်သည်။
"ကျုပ်တို့ရန်သူတွေက အဲ့မိစ္ဆာကျင့်ကြံသူတွေ ၊ တစ္ဆေကျင့်ကြံသူတွေ ၊ သားရဲကျင့်ကြံသူတွေနဲ့ ဆက်သွယ်နေကြတာများလား"

သခင်မကြီးယင်က ခေါင်းခါလိုက်ကာ
"မဖြစ်နိုင်ဘူး.. ငါတို့ရန်သူတွေက ငါတို့ကို အရိုးထဲကနေတောင်မှ မုန်းတီးနေကြပေမယ့် သူတို့က မိစ္ဆာကျင့်ကြံသူတွေ ဒါမှမဟုတ် တစ္ဆေကျင့်ကြံသူတွေဖက်ကနေ ဘယ်တော့မှ ရပ်တည်မှာမဟုတ်ကြဘူး.. အဲ့လမ်းမှန်ကျင့်ကြံသူတွေက သူတို့ကို မျက်လုံးထဲတောင် ထည့်ကြတာမဟုတ်ဘူး"

သူမက ဘေးနားက ကိုယ်ရံတော်ကို ပြောလိုက်၏။
"မင်း သွားစုံစမ်းကြည့်လိုက်.. တစ်ခုခုသိရတာနဲ့ ငါ့ကို ချက်ချင်းပြန်လာပြော.."

"ဟုတ်ကဲ့"

ထိုကိုယ်ရံတော် ထွက်သွားပြီးနောက် တစ်ခြားအကြီးအကဲတွေလည်း သတင်းကြားတာကြောင့် အကြီးအကဲခန်းမဆီကို အပြေးအလွှားနဲ့ ရောက်ရှိလာကြလေသည်။
"အကြီးအကဲနှစ်ယောက်က ဘယ်လိုလုပ် ဒဏ်ရာတွေရလာရတာလဲ"

အကြီးအကဲတွေကို သွေးကြောစမ်းသပ်ပေးနေတဲ့ သခင်မကြီးယင်က ချက်ချင်းထရပ်လာကာ
"ဒဏ်ရာတွေက တော်တော်လေးပြင်းထန်တယ်.. သူတို့တွေ တစ်နှစ် နှစ်နှစ်အတွင်းမှာ ပြန်မကောင်းလာနိုင်မှာ စိုးရတယ်.. သူတို့ရဲ့ တန်ထျန်းတွေပါ ပျက်စီးမသွားတာက တစ်ခုတည်းသော ကံကောင်းမှုဘဲ"

သတ္တမအကြီးအကဲမှာ ဒေါသတွေထွက်ကာ ဆဲရေးလိုက်မိ၏။
"သောက်ချီးဘဲ.. ကျုပ်တို့လူတွေခေါ်ပြီး ပြန်သွားတိုက်ရအောင်!"

အကြီးအကဲဆယ့်ခြောက်က သူ့ကိုတားလိုက်သည်။
"အလျှင်စလိုမလုပ်နဲ့.. ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိရအောင် အရင်လုပ်ရအောင်.. ကျုပ်တို့ ဒီအတိုင်းကြီး တစွတ်ထိုးသွားလိုက်ရင် ကျုပ်တို့ကို စောင့်ကြိုနေတာက ထောင်ချောက်အကြီးကြီးဘဲ ဖြစ်လိမ့်မယ်"

ပထမအကြီးအကဲကလည်း ထောက်ခံလာသည်။
"ဒီတစ်ကြိမ်က ကျုပ်တို့ ရန်သူတွေချည်းဘဲ မဟုတ်ဘူး.. တစ်ခြားကျင့်ကြံသူတွေလည်း ပါသေးတယ်.. သူတို့က ပူးပေါင်းထားကြတာဘဲ ဖြစ်မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now