Part-5(Z+U)

8.5K 721 2
                                    

"ကော ကျွန်တော့်ကို ချစ်လား"
.
.
.
.

ရှောင်းကျန့်နှင့်ဝမ်ရိပေါ် ခင်မင်လာကြသည်မှာ နှစ်လတင်းတင်းရှိခဲ့ပြီဖြစ်သည်။

နှစ်လအတွင်း ရှောင်းကျန့်သိလိုက်ရသည်မှာ ရိပေါ်က
တစ်ကယ့်ကလေးလေး ဆိုသည့်အမှန်တရားကိုပင်။
ဘယ်လောက်ပဲ တည်ငြိမ်အေးစက်နေပါစေဦး
အတွင်းစိတ်ကတော့ ဆယ်ကျော်သက်ကလေးလေးသာ။

အော ပြီးတော့ မသိမသာနဲ့ လူလဲကပ်သေးတယ်

အခုလည်း ရှောင်းကျန့်အလုပ်မပြီးခင်အထိ ဆိုင်၌
ပေတေထိုင်စောင့်နေသည်မဟုတ်ပါလော။

တစ်ကယ့် ကောင်လေး

" ကော သူဌေးက ဘာလို့ဆိုင်ကို စောစောမပိတ်တာလဲ"

ထုံးစံအတိုင်း အမောင်ရိပေါ်က မေးခွန်းထုတ်လာပြန်ပါသည်။

" ညနေနဲ့ ညပိုင်းတွေမှာပဲ လူစည်တာလေကွာ
အဲ့အချိန် ကျောင်းဆင်းတဲ့ဆယ်ကျော်သက်လေးတွေ၊
အလုပ်အတူတူဆင်းလာကြတဲ့ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူတွေက ကော်ဖီလေးသောက်ရင်း အပန်းဖြေကြတယ်လေ "

"ဟိုမှာကြည့်ပါလား"

ရှောင်းကျန့်က သူတို့နှင့်မျက်နှာချင်းဆိုင် လျှောက်လာသော ကျောင်းသူနှစ်ယောက်ထံညွှန်ပြသည်။

Little cloud logoနှင့် ကော်ဖီဘူးလေးနှစ်ဘူးမှာ အသီးသီး၏လက်ထဲတွင်နေရာယူလို့။

" ရိပေါ် ကောကိုမစောင့်လဲရတယ် ဘာပဲဖြစ်ဖြစ်
ကောတို့က အဝေးကြီးပဲမဟုတ်ဘူးလား"

ဝမ်ရိပေါ်က ရှောင်းကျန့်အိမ်ကိုလိုက်ပို့ပြီးမှသာ သူ့အိမ်သူပြန်လေ့ရှိသည်။

အဲ့အကျင့်စလာတာက သူတို့သိတဲ့ ၂၁ရက်မြောက်နေ့က။

" အင်း ဒီအတိုင်း အိမ်ပြန်နောက်ကျလဲ ကျွန်တော့်ကို
ူဆူမဲ့လူမရှိဘူး"

ရှောင်းကျန့် တစ်ခါတစ်လေတော့လည်း "ရိပေါ်မှာ
မိဘတွေမရှိတော့ဘူးလား"လို့လဲမေးချင်သည်။
သို့သော် ကောင်လေး၏ဝမ်နည်းရိပ်နှင့် နာကျည်းရိပ်သန်းနေသော မျက်လုံးများကြောင့် စကားလုံးများကိုအမြဲလိုလိုမျိုချလိုက်ရုံသာ တတ်နိုင်ပါ၏။

My Ex Boss Where stories live. Discover now