" ရှောင်းကော!!!"
စျေးဝယ်စင်တာထဲ ကျယ်လောင်စွာ ပဲ့တင်ထွက်ပေါ်လာသည့်အသံကြောင့် ရှောင်းကျန့်ရဲ့ မုန့်ညင်းထုပ်လေးကိုင်ထားသည့်လက်တောင် ဆတ်ခနဲ
တုန်ယင်သွားသည်။ဘေးနားမှာရပ်နေသည့် ဝမ်ရိပေါ်မှာလည်း မျက်မှောင်ကြုံ့လို့။
" အာ.... ရှောင်ရွှယ်"
မိန်းကလေးတန်မဲ့ အသံအောင်လွန်းသည့် ရှောင်ရွှယ်သည်ကား အသီးအနှံအထုပ်များကိုဆွဲလျက်
သူတို့ဆီ ပြေးလာလေ၏။" ရှောင်းကော!"
" ကော စျေးလာဝယ်တာလား"
"အွန်း တစ်ပတ်စာဝယ်ထားတာကုန်သွားလို့"
အနှီမိန်းကလေးမှာ စိတ်လှုပ်ရှားလွန်းနေပြီး သူမက ရှောင်းကျန့်ကိုကြည့်လိုက် ကြမ်းပြင်ကိုကြည့်လိုက်နှင့်အလုပ်များနေသည်။
ဟုတ်ပါ၏။
ရှောင်ရွှယ်သည်ကား ရှောင်းကျန့်ကို သဘောကျနေခြင်းပင်ဖြစ်သည်။
ဆယ်ကျော်သက်လေးသာဖြစ်၍ သူမဟာ
ချစ်ရသူကိုတွေ့လိုက်ရရုံဖြင့် ရှက်သွေးဖြာလာကာ
စကားလဲ များများစားစားမပြောရဲပဲ ခဏလောက်ဟိုဟိုသည်သည်လျှောက်ပြောပြီးနောက် ထွက်ခွာသွားတော့သည်။" တော်တော်ရင်းနှီးတဲ့ပုံပဲ"
တစ်ချိန်လုံးဘေးထွက်ရပ်နေသူမှ စကားသံထွက်လို့လာလေပြီ။
လေသံမှာ ချဥ်စူးနေသည့်တိုင် ဝမ်ရိပေါ်ဟာ
"ငါဂရုမစိုက်ဘူးနော် လစ်စမ်း" ဆိုသည့်အမူအရာကိုထိန်းသိမ်းထားဆဲဖြစ်သည်။" အင်း ကော်ဖီဆိုင်ကို ခဏခဏလာတတ်တယ်လေ၊ တော်တော်တက်ကြွတဲ့ ကလေးမ ပါပဲ"
ဝမ်ရိပေါ်၏ မျက်နှာထားမှာ မှောင်မိုက်သွားခဲ့ပြီး
သူက ရှောင်းကျန့်ကိုတောင် မစောင့်ပါပဲ ထွက်သွားခဲ့သည်။f**k!! ရှားရှားပါးပါးရတဲ့ အချိန်လေးကိုတောင်
လာနှောင့်ယှက်နေကြတယ်။ရှောင်းကျန့်မှာတော့ ကြောင်အမ်းလျက် ယောင်လည်လည်ဖြင့် အမြန်ငွေရှင်းရင်း ရိပေါ်နောက်လိုက်ရလေပြီ။
![](https://img.wattpad.com/cover/302760043-288-k984984.jpg)