" ကော မောင့်ကို ကြည့်ပါအုံး "
"မသွားပါနဲ့ မောင့်ကို အဖော်ပြုပေးလေနော်
မကောင်းဘူးလားဟင်""ကော... မောင်တောင်းပန်ပါတယ် မသွားပါနဲ့
မောင် ဘာအမှားလုပ်မိခဲ့လို့လဲဗျာ ""ရှောင်းကျန့် ခင်ဗျား ဒီအချိန်ကျွန်တော့်ကို လှည့်မကြည့်ခဲ့ရင် နောင်တရအောင် ကျွန်တော် လုပ်ပစ်မှာနော်"
"ကျွန်တော် ခင်ဗျားကို လက်စားပြန်ချေမှာ"
ကြည်လင်ပြတ်သားနေဆဲ အသံပေါင်းများစွာနှင့်
မျက်လုံးများနီရဲကာ သူ့ကိုဒူးထောက်မတတ်တောင်းဆိုနေသော ကောင်လေးတစ်ယောက်ထိုကောင်လေး၏ စိတ်ဝိညာဉ်မှာ အစိတ်စိတ်အမွှာအမွှာကွဲကြေသွားပုံရသလို တဖြည်းဖြည်းတောင်းပန်တိုးလျှိုးနေရာမှ ခက်ထန်လာသည့်
ပုံစံမှာ သိပ်ကိုသနားစရာကောင်းလှသည်။ရဲရဲတောက်နေသောမျက်ဝန်းအစုံမှာ ဆို့နင့်ကြေကွဲ
မှုများနှင့် မခံမရပ်နိုင်ဖြစ်မှုများက တစ်လှည့်စီနေရာယူလို့နေပြီး ကောင်လေးဟာ နောက်ဆုံးမှာတော့ ဘာမျှမပြောခဲ့ မပြောနိုင်တော့ပေ။လှည့်ထွက်လာပြီးနောက် အရာအားလုံးဟာ ဖန်သားနှယ် နုနယ်လွန်းကာ တစ်ချက်လေးထိလိုက်ရုံနှင့် တစ်စစီကွဲကြေသွားချေပြီ။
" ဒုန်း!!!!"
ရှောင်းကျန့် နိုးလာချိန်တွင် မျက်ဝန်းထောင့်မှာ စိုစွတ်နေခဲ့သည်။
" အလုပ်ချိန်မှာ ဘာလို့အိပ်နေတာလဲ အခုချက်ချင်းထစမ်း"
တစ်ကယ်တော့ ညက ရှောင်းကျန့်အိပ်မပျော်နိုင်ခဲ့တာမို့ အလုပ်စားပွဲပေါ်မှေးခနဲအိပ်ပျော်သွားခြင်းပါပင်။ ထို့အပြင်လုပ်စရာထွေထွေထူးထူးလဲမရှိသည်မို့။
ရှောင်းကျန့်က မျက်ခုံးနှစ်ခုကြားကို ဖိနှိပ်လိုက်ပြီး
အက်ရှသောအသံဖြင့် ဆိုလာသည်။" ဘာခိုင်းစရာရှိလို့လဲခင်ဗျ"
" ဒီဇိုင်းဌာနရဲ့ နှစ်ချုပ်စာရင်းတွေ ယူလာခဲ့ပေး"
"ငါးမိနစ်အတွင်း"
"............"
ဒီဇိုင်းဌာနသည် အောက်ဆုံးလွှာ၌ဖြစ်သည့်အပြင်
အလွှာများစွာရှိသောအနှီcompanyကြောင့် ငါးမိနစ်အတွင်းဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့်အချိန်ပင်။