" လျှောက်လည်ရအောင် ကော"
"......."
ကိတ်မုန့်စားနေရင်းပြောလာသည့်စကားက အစမရှိအဆုံးမရှိ။ ရှောင်းကျန့်က ခေတ္တမျှ တောင့်ခဲသွားပြီးနောက်တွင် ခေါင်းငြိမ့်လာသည်။
" bossဆီမှာ ခွင့်တောင်းလိုက်မယ် ရိပေါ်ဘယ်သွားချင်လဲ"
အနှီကလေးသည် ကျောင်းတွင်အတော်ဆုံးကျောင်းသားများထဲမှတစ်ယောက်ဖြစ်သည်ဟု
ရှောင်းကျန့် သတင်းကြားသည်။ ရုပ်ရည်အသင့်အတင့်ရှိပြီး စာတော်သည့်ရိပေါ်လိုကလေးမျိုးက လူမှုဆက်ဆံရေးမကောင်းသည်မှာ နှမြောစရာပင်
ထို့ကြောင့် အခုတလောရှောင်းကျန့်က ဝမ်ရိပေါ်လူများနှင့်ထိတွေ့ဆက်ဆံနိုင်အောင် ကူညီပေးလေ့ရှိနေ၏။အပေါင်းအသင်းမရှိ၊ ရင်ဖွင့်ဖော်မရှိ၊ တိုင်ပင်ဖော်မရှိ။
နေ့စဥ်နေ့တိုင်း ကော်ဖီတစ်ခွက်၊ ကိတ်မုန့်တစ်လုံးနှင့်သာ အဖော်ပြုတတ်သည့် အနှီကလေး
ယခုလိုရှေ့ဆက်သွားလျှင် ရူးသွားလိမ့်ပေမည်။" ကစားကွင်း"
"ကျွန်တော်တစ်ခါမှ ကစားကွင်းမသွားဖူးဘူး"
"......."
ရှောင်းကျန့် ကသိကအောက်ဖြစ်စွာ ခေါင်းငြိမ့်လိုက်သည်။
ရိပေါ်က ဘယ်လိုမျိုး ကြီးပြင်းလာရတာပါလိမ့်?
သူက မနေနိုင်ဘဲ လက်ဆန့်ကာ တစ်ဖက်လူ၏ ခေါင်းကိုပုတ်ပေးလိုက်မိပါ၏။
" ......"
နှစ်ယောက်သားဟာ ဘာမျှမပြောခဲ့ကြသောငြား
မျက်ဝန်းတွေကတော့ အကြာကြီးကို ဆုံစည်းခဲ့ကြသည်။ထိုနောက်မှတော့ ကြောင်အမ်း နေပုံရသောမျက်နှာထားနှင့် ဝမ်ရိပေါ်အား ရှောင်းကျန့်ဘက်မှ
အပြုံးတွေဖောဖောသီသီ စွန့်ကြဲလိုက်ပါတော့၏။ဝက်ပေါက်လေး ချစ်စရာကောင်းလိုက်တာ
.
.
.
." ကော...."
"ဟင်"
"ကြည့်လို့ကောင်းတယ်"
အမှန်ပါပင်။
အပြာနုနုhoodieတစ်ထည်နှင့် ချည်သားဘောင်းဘီရှည်အဖြူလေးဝတ်ဆင်ထားသည့်တိုင်
ရှောင်းကျန့်မှာ လည်ပြန်ငေးရလောက်အောင်
ကြည့်ကောင်းနေခဲ့သည်။
![](https://img.wattpad.com/cover/302760043-288-k984984.jpg)